နောက်ဆုံးမှာတော့ ကာလကြာရှည်စောင့်ဆိုင်းနေရတဲ့ Poco X3 ကို Snapdragon 732G နဲ့အတူ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Mid-range ဟန်းဆက်ဖြစ်ပေမယ့် ဈေးနှုန်းနဲ့ Spec ပိုင်းတွေမှာတော့ သဘောကျစရာ အချက်တွေရှိနေတယ်ဆိုတာကို ငြင်းမရပါဘူး။

Snapdragon 732G ဟာ ကုမ္ပဏီက အခိုင်အမာကြွေးကြော်ထားသလိုပဲ “ဒီနေ့အထိ စွမ်းဆောင်ရည်အကောင်းဆုံး Snapdragon 700 series 4G processor” အဖြစ်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ Poco X3 ဟာ ကြီးမားတဲ့မျက်နှာပြင်အရွယ်အစားအဖြစ် 6.67-inch LCD Full HD+ ဖြစ်ပြီး 120Hz refresh rate နဲ့ 240Hz touch sampling rate ထောက်ပံ့ထားပါတယ်။

20MP Selfie ကင်မရာကတော့ Punch-hole ထဲမှာရှိနေပြီး ကျောဘက်မှာတော့ 64MP အဓိကကင်မရာနဲ့ 13MP ultrawide, 2MP macro, 2MP depth sensor တို့ တပ်ဆင်ပေးထားပါတယ်။ အဓိကကင်မရာဟာ f/1.73 aperture နဲ့ 6P မှန်ဘီလူးဖြစ်ပြီး Sony IMX682 sensor ဖြစ်ပါတယ်။ ဒါ့အပြင် 5,160mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 33W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါသေးတယ်။

Poco X3 ဟာ USB-C prot နဲ့ 3.5mm audio jack ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Gorilla Glass 5 နဲ့ IP53 အဆင့် ရေနဲ့ဖုန်မှုန့်ဒဏ်ခံနိုင်တာကလည်း ကျေနပ်စရာလို့ ဆိုနိုင်ပါတယ်။ ဂိမ်းမင်းပိုင်းကို အနည်းငယ်အားထည့်ထားတာနဲ့အညီ ကြေးနီအပူပိုက်နဲ့ အပူဖြန့်ကျက်မှုအတွက် ခဲနက်လွှာကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ထိရောက်တဲ့ အအေးပေးစနစ်တစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။

Poco X3 ကို 6GB/64GB နဲ့ 6GB/128GB အမျိုးအစား နှစ်မျိုးထုတ်လုပ်ထားပါတယ်။ အရောင်ကတော့ Shadow Gray ဒါမှမဟုတ် Cobalt Blue ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ €229 (၃ သိန်း ၆သောင်းဝန်းကျင်) /€269 (၄ သိန်း ၂သောင်းခွဲဝန်းကျင်) တွေဖြစ်ကြပါတယ်။

Ref: GSM Arena