POCO ဟာ ဇွန်လ ၂၃ ရက်နေ့မှာ F4 5G ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။ အခုတော့ အဲဒီပွဲမှာ POCO X4 GT 5G ကိုပါ ချပြမယ်လို့ ကုမ္ပဏီက သတင်းပေးလာပါတယ်။  POCO X4 GT 5G ဟာ တရုတ်မှာ မကြာခင်က ကြေညာခဲ့တဲ့ Redmi Note 11T Pro ကို နာမည်ပြောင်းထားတာလို့ သတင်းထွက်နေပါတယ်။

Poco X4 GT launch poster

ဒီသတင်းသာ မှန်မယ်ဆိုရင် POCO X4 GT မှာ ၆.၆ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 144Hz Refresh Rate ထည့်သွင်းထားပြီး Punch Hole မျက်နှာပြင်ကို Corning Gorilla Glass နဲ့ ကာကွယ်ထားမှာပါ။

POCO X4 GT 5G မှာ Dimensity 8100 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 12 OS အခြေပြု MIUI Custom OS မောင်းနှင်ထားမှာ ဖြစ်ပြီး 67W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

POCO X4 GT မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 48MP Main , 8MP Ultrawide နဲ့ 2MP Macro တွေ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပြီး တခြား လုပ်ဆောင်ချက်တွေ အနေနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ JBL စတီရီယို စပီကာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

POCO X4 GT 5G ဟာ ကင်မရာတွေက လွဲရင် ကျန်တဲ့ အရာ အားလုံးဟာ Redmi Note 11T Pro နဲ့ တူညီမှာဖြစ်ပြီး Mid-range စမတ်ဖုန်းတွေထဲမှာ စွမ်းဆောင်ရည် တော်တော် ကောင်းမှာပါ။

Ref : gizbot