POCO X5 5G Series ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီ ဖြစ်ပြီး X5 နဲ့ X5 Pro တို့ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးမှာ တူညီတဲ့ Specs တွေ ပါလာပြီး Pro မော်ဒယ်က စွမ်းရည်ပိုမြင့်ပါတယ်။

Xiaomi unveils Poco X5 Pro with Snapdragon 778G, vanilla Poco X5 follows

တူညီတဲ့ Specs တွေအကြောင်း အရင် ပြောရရင် POCO X5 5G Series မှာ ၆.၆၇ လက်မ FHD+ AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,200 Nits Brightness ထောက်ပံ့ထားပါတယ်။ Pro မှာ Dolby Vision နဲ့ HDR10+ အပို ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပြီး ပင်မ ကင်မရာ အနေနဲ့ POCO X5 မှာ 48MP နဲ့ X5 Pro မှာ 108MP တပ်ဆင်ထားပါတယ်။ X5 မှာ 13MP နဲ့ X5 Pro မှာ 16MP အရှေ့ ကင်မရာပါလာပါတယ်။

X5 မှာ Snapdragon 695 နဲ့ X5 Pro မှာ Snapdragon 778G Chipset မောင်းနှင်ထားပြီး ၂ လုံးစလုံးမှာ Dynamic RAM Expansion နည်းပညာပါတဲ့ 8GB RAM အထိနဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ Pro မှာ အပူလျှော့ချပေးတဲ့ Vapour Cooling Chamber ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး X5 မှာ 33W Charging နဲ့ X5 Pro မှာ 67W Charging ထောက်ပံ့ထားပါတယ်။

POCO X5 5G Series မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 5G, IR Blaster , NFC , နားကြပ်ပေါက်နဲ့ USB-C Port ပါပါတယ်။

POCO X5 5G 6/128GB ကို ၂၄၉ ဒေါ်လာနဲ့ 8/256GB ကို ၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Pro အတွက် ၂၉၉ ဒေါ်လာနဲ့ ၃၄၉ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gizmochina