နာမည်ကြီး YouTuber နဲ့ Streamer ဖြစ်တဲ့ IShowSpeed ဟာ Rizzbot လို့ခေါ်တဲ့ နာမည်ကြီး လူတူစက်ရုပ်ကို ဖန်တီးထုတ်လုပ်ထားတဲ့ Social Robotics ကုမ္ပဏီရဲ့ ဒေါ်လာ ၁ သန်း တန်ကြေးရှိတဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။

ဒီအမှုဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Livestream တစ်ခုကနေ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီ Live မှာ IShowSpeed က စက်ရုပ်ကို ထိုးကြိတ်တာ၊ လည်ပင်းညှစ်တာနဲ့ ဆိုဖာပေါ်ကို ပစ်ပေါက်တာတွေ လုပ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေ ရှိနေပါတယ်။
Social Robotics ဘက်ကတော့ ဒီလုပ်ရပ်ကြောင့် ကင်မရာတွေ ကွဲအက်တာ၊ ဆင်ဆာတွေ ပျက်စီးတာနဲ့ လမ်းမလျှောက်နိုင်တော့တဲ့အထိ ဟန်ချက်ပျက်သွားတာတွေ ဖြစ်ခဲ့ပြီး Rizzbot စက်ရုပ်တစ်ခုလုံး အသုံးမဝင်တော့တဲ့အထိ (Total loss) ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်ကြောင့် MrBeast နဲ့ တွဲဖက်ရိုက်ကူးမယ့် အစီအစဉ်၊ CBS show အစီအစဉ်တွေ ပျက်ပျယ်ခဲ့ရသလို ကြည့်ရှုသူနှုန်းထားတွေလည်း ကျဆင်းခဲ့ပြီး ကုမ္ပဏီအနေနဲ့ ငွေကြေးအရ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။
အမှုကိုတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက Texas ပြည်နယ်၊ Travis County မှာ တင်သွင်းခဲ့တာဖြစ်ပြီး IShowSpeed အပြင် သူ့ရဲ့ မန်နေဂျာအဖွဲ့နဲ့ ဆက်စပ်သူတွေကိုပါ ထည့်သွင်းတရားစွဲဆိုထားတာ ဖြစ်ပါတယ်။ Social Robotics အနေနဲ့ တရားမစွဲခင် ဒီကိစ္စကို သီးသန့် ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားခဲ့သေးတယ်လို့ ဆိုပေမယ့် IShowSpeed ရဲ့ အဖွဲ့ဘက်ကတော့ လတ်တလောမှာ လူသိရှင်ကြား တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
Ref : Technology Innovation