Google ဟာ ယခုလအစောပိုင်းတုန်းက Pixel 5 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixel 5 စမတ်ဖုန်းဟာ ပုံမှန် 12.2MP Primary Sensor အပါအဝင် 16MP Ultrawide Sensor ကိုပါ တပ်ဆင်ထားခဲ့တာဖြစ်ပြီး ကျန်တဲ့ Camera ပိုင်း Feature အသစ်တွေလည်း ရရှိလာခဲ့ပါတယ်။

Pixel 5 ရဲ့ Camera Feature အသစ်တွေထဲမှာ Night Sight Portrait Mode အပြင် လူပုံ Portrait ရိုက်ကူးတဲ့အချိန်မှာ နှစ်သက်သလို Lighting ပြန်ပေးနိုင်တဲ့ Portrait Light Feature လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါ Portrait Light Feature ကို အစောပိုင်း Pixel ဖုန်းတွေအတွက်ပါ ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လောလောဆယ်သိရှိရသလောက်ကတော့ Pixel 2 Series နောက်ပိုင်း Pixel ဖုန်းတွေအကုန်လုံး ယခု Portrait Light Feature ကို ရရှိလာတာဖြစ်ပြီး Google Photos App ကိုတော့ နောက်ဆုံး Update ရယူထားဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ယခင် ရိုက်ကူးထားတဲ့ Portrait ဓါတ်ပုံတွေအပြင် တချို့သော လူမျက်နှာပါဝင်တဲ့ ဓါတ်ပုံတွေမှာပါ Portrait Light Feature ကို အသုံးပြုနိုင်မှာပါ။

ဒီလိုမျိုး Portrait Light Feature ဟာ တကယ်လို့ မျက်နှာမှာ အရိပ်ကျနေတာမျိုးဆိုရင် ပြန်လည်ပြင်ဆင်နိုင်တဲ့ အကောင်းဆုံး Feature တစ်ခုဖြစ်ပြီး တခြား Apple iPhone တွေမှာပါဝင်တဲ့ Portrait Lighting နဲ့လည်း အလုပ်လုပ်ပုံတူညီမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ယခု Portrait Light Feature ဟာ Google Photos Update ကြောင့်ဆိုပေမယ့် Pixel ဖုန်းတွေအတွက်ပဲရရှိနေသေးတာဖြစ်ပြီး တခြားသော Android ဖုန်းတွေမှာတော့ လောလောဆယ်အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

Ref – 9to5Google