အသစ်မိတ်ဆက်လိုက်သော PUBG MOBILE ၏ Payload Mode အသစ်တွင် လက်နက်အသစ် တပ်ဆင်ထားသည့် ယာဥ်များနှင့် ကြီးမားလေးလံသော လက်နက်အသစ်များ အမျိုးမျိုးပါဝင်ပြီး လူကြိုက်များသော ဂိမ်း Mode တွင် ဝင်ရောက်ကစားသည့်အခါ အတွေ့အကြုံကောင်းများ ရရှိစေရန် Update များ ပြုလုပ်းထားသည်။

PUBG Mobile မှ အမျိုးမျိုးသော အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးနောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသည့် ဂိမ်းဆော့ခြင်းအတွေ့အကြုံကို မြှင့်တင်ပေးမည့် Payload 2.0 ဗားရှင်းကို အောက်တိုဘာလ ၉ ရက်နေ့တွင် စတင် မိတ်ဆက်လိုက်သည်။ အဆိုပါ ဗားရှင်းသည် ဂိမ်းကစားသူ ပရိသတ်များအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများ ရရှိစေမည်ဖြစ်ပြီး ကမ္ဘာ့ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းကို အဆင့်မြှင့်ထားခြင်း ဖြစ်သည်။ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဂိမ်းကစားသူများမှ ဂိမ်းထဲတွင် “Rock and Load” ကိုရွေးချယ်ပြီး Armored Vehicles, Super Weapon Crate နှင့် အခြားသော လက်နက်များကို ရယူနိုင်မည်ဖြစ်ကာ App Store နှင့် Google Play တို့တွင် Update ပြုလုပ်ကစားနိုင်မည်ဖြစ်သည်။

PUBG Mobile မှ လွန်ခဲ့သော တစ်နှစ်ခန့်က Payload Mode ကို စတင်မိတ်ဆက်ခဲ့ပြီး ယခင်က တစ်ခါမှ မပါဝင်ခဲ့ဖူးသော Features များကို ထည့်သွင်းထားကာ ကစားသူများကို တိုက်ခိုက်သည့်အခါ အသုံးပြုရန် နည်းလမ်းအသစ်များကို ထောက်ပံ့ ပေးထားသည်။ ယခုအခါ အောက်တိုဘာလ ၉ ရက်နေ့က မိတ်ဆက်လိုက်သည့် Payload 2.0 တွင်မူ ကစားသူများ အနေဖြင့် ပိုမိုအားကောင်း၍ စွမ်းဆောင်ရည် မြင့်မားသော Vehicle များအပြင် ကြီးမားသော Firepower များကိုလည်း ထည့်သွင်းပေးထားသည့်အတွက် ဂိမ်းကစားသူများအနေနှင့် စိတ်လှုပ်ရှားစရာကောင်းပြီး နည်းဗျူဟာကျစွာ ကစားနိုင်မည် ဖြစ်သည်။ ဂိမ်းထဲတွင် ပါဝင်သည့် လက်နက်များနှင့် Vehicles တို့မှာ−

• လက်နက်တပ်ဆင်ထားသည့် ယာဥ်များ – PUBG MOBILE ၏ Classic မြေပုံများတွင် ပါဝင်သော ယာဉ်များ ဖြစ်သည့် UAZ, Dacia, Off-road Buggy နှင့် Pick-up truck များကို ကာကွယ်ပေးနိုင်သည့် လက်နက်များဖြင့် အင်အားဖြည့်ထားသည်။ ထိုနည်းတူ ကစားသမားများမှာ လက်နက်တပ်ဆင်ထားသော ဟယ်လီကော်ပတာနှင့် ကောင်းကင်ပေါ်တွင် မောင်းနှင် ပျံသန်းနိုင်မည်ဖြစ်သည်။

• အင်အားကြီးလက်နက်များ – ကစားသမားများအတွက် ရန်သူများကို ထပ်ဆောင်းတိုက်ခိုက်စေနိုင်ရန် လေဆာ ပါဝင်သော ဒုံးကျည်အသစ်နှင့် သေနတ်ပြောင်း လေးခု ပါဝင်သော လောင်ချာဒုံးကျည်တို့ကို အကောင်းဆုံးသော လက်နက်သေတ္တာထဲတွင် ထည့်သွင်းပေးထားသည်။

• အထူး Tactical Gear – 30-second UAV Control Terminal ပါဝင်လာပြီး ဒုံးကျည်လက်နက် (၈) ခု ပါဝင် တပ်ဆင်ထား၍ အနီးနားရှိ ရန်သူများ၏ တည်နေရာကို ဖော်ပြပေးမည်ဖြစ်ကာ Man-Portable Radar မှ ရန်သူ့ ကားများ၏ တည်နေရာအချက်အလက်များကိုလည်း ပြသပေးမည်ဖြစ်သည်။

• Bomb Suit – Lootable ဝတ်စုံအသစ်သည် ပေါက်ကွဲရာမှ ဖြစ်ပေါ်စေမည့် ထိခိုက်မှုများကို သိသိသာသာ လျှော့ချပေးရန် တပ်ဆင်နိုင်သည်။

• လျှို့ဝှက်အခန်းနှင့် အခြေစိုက်စခန်း – လျှို့ဝှက်အခန်းသည်  စစ်ပွဲအတွင်းနေရာအနှံ့ တွင် ကျပန်း ပါဝင်လာမည် ဖြစ်ပြီး အထူးလက်နက်များ ပါဝင်သည်။ အခြေစိုက်စခန်းသည် ပွဲစဥ်တစ်ခု၏ အစတွင် ကစားသမားများမှ ကြီးမားလေးလံသော လက်နက်အမျိုးမျိုးနှင့် အင်အားကြီး ကိရိယာများ ရရှိပြီးမှသာ  အသက်ဝင်မည်ဖြစ်သည်။ ကစားသမားများအနေဖြင့် Advanced Communication Tower များမှ တစ်ဆင့် ကျရှုံးသွားသော အဖွဲ့ဝင်များကို တိုက်ပွဲထဲတွင်ပြန်လည်ရှင်သန်လာစေရန် ပြုလုပ်နိုင်မည်ဖြစ်သည်။

Source – PUBG Mobile