Qualcomm ဟာ ယခင်တုန်းက Quick Charge နာမည်နဲ့ Fast Charging စနစ်ကို ဆောင်ရွက်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Quick Charge 4+ ကိုနောက်ဆုံးအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ စမတ်ဖုန်းကုမ္ပဏီတွေက ကိုယ်ပိုင် Fast Charging နည်းပညာတွေနဲ့ USB Power Delivery လိုမျိုး Feature တွေကိုပဲ ပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Qualcomm ကနေ Quick Charge 3+ ဆိုပြီး Quick Charge နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ထူးခြားတာတစ်ခုက အခု Quick Charge 3+ ဟာ ယခင် Quick Charge 4+ ထက် ပိုပြီး စွမ်းဆောင်ရည်သာလွန်မှာမဟုတ်ပေမယ့် စျေးသက်သာတဲ့ Mid Range ဖုန်းတွေအတွက်ကတော့ သိသိသာသာကို ပိုပြီး Charging Speed မြန်ဆန်စေလာမယ်လို့ သိရပါတယ်။

အခုလောလောဆယ်မှာ Qualcomm Quick Charge 3+ Feature ကို Snapdragon 765 နဲ့ 765G Processor တွေမှာ အရင်ဆုံးရရှိလာမှာဖြစ်ပြီး မကြာခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Xiaomi Mi 10 Youth Edition စမတ်ဖုန်းမှာ ပထမဆုံးအနေနဲ့ သုံးစွဲထားတယ်လို့ သိရပါတယ်။ အဆိုပါ Mi 10 Youth Edition ဖုန်းဟာ Quick Charge 3+ Feature အသစ်အပြင် Quick Charge 4+ ကိုပါ Support ပြုလုပ်နိုင်တဲ့ ပထမဆုံး စမတ်ဖုန်းလည်းဖြစ်ပါတယ်။

Qualcomm Quick Charge 3+ ရဲ့ အဓိက Feature တွေကတော့ 0% ကနေ 50% ကို အားသွင်းဖို့ ၁၅ မိနစ်ပဲ အချိန်ပေးရမှာဖြစ်ပြီး ယခင် Generation ထက် Efficiency ၃၅ ရာခိုင်နှုန်းပိုမိုတိုးတက်လာတဲ့အပြင် အပူချိန်ကိုလည်း 9°C အထိ လျော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-A to USB-C Cable တွေနဲ့ Accessories တွေကိုပါ Support ပေးနိုင်သလို ယခင် Generation တွေနဲ့ပါ Backward Compatible ဖြစ်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတော့ မကြာခင်မှာ နောက်ထပ် Snapdragon Mobile Processor တွေမှာ Quick Charge 3+ ကို Support ပေးသွားမှာဖြစ်ပြီး အသုံးပြုနိုင်တဲ့စမတ်ဖုန်းတွေလည်း တဖြည်းဖြည်းများပြားလာမှာဖြစ်ပါတယ်။

Ref – Gizmo China