Qualcomm က ဟာဝိုင်အီမှာ ကျင်းပတဲ့ Snapdragon Summit မှာ Snapdragon 8 Gen 3 Chip ကို ကြေညာလိုက်ပါတယ်။ အဲဒီ Chip ကို 4nm Node နဲ့ တည်ဆောက်ထားပြီး စွမ်းရည်မြင့် စမတ်ဖုန်းတွေရဲ့ အမြန်နှုန်း ပိုကောင်းအောင်နဲ့ စွမ်းအင် စားသုံးမှု နည်းပါးအောင် ဒီဇိုင်းထုတ်ထားပါတယ်။
Gen 3 ဟာ Gen 2 ထက် Processing Power ၃၀ ရာခိုင်နှုန်း၊ စွမ်းအင် အသုံးချမှု ၂၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ အကောင်းဆုံး စွမ်းရည်က Neural Processing Unit (NPU) ဖြစ်ပြီး AI အလုပ်တွေမှာ ၉၈ ရာခိုင်နှုန်း ပိုမြန်လာကာ စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
ဓါတ်ပုံအပိုင်း ပြောရရင် Qualcomm က Dolby HDR Photo Capture နဲ့ အလုပ်လုပ်ဖို့ Image Signal Processor (ISP) ကို အဆင့်မြှင့်ထားပြီး HDR ထောက်ပံ့တဲ့ Screen တွေပေါ်က ဓါတ်ပုံတွေကို တိုးတက်စေပါတယ်။
Gamer တွေအတွက် 240Hz Screen တွေမှာ 240 Frames Per Second ကို ထောက်ပံ့ပေးထားပြီး Unreal Engine 5.2 နဲ့ Compatible ဖြစ်ပါတယ်။ Chip ရဲ့ Adreno Graphics Processing Unit (GPU) ဟာ ၂၅ ရာခိုင်နှုန်း ပိုမြန်လာပြီး စွမ်းအင်စားသုံးမှု ၂၅ ရာခိုင်နှုန်း သက်သာလာပါတယ်။ Ray Tracing မှာ ၄၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
SD 8 Gen 3 မှာ AI ကို အသားပေးထားပြီး AI Engine ကြောင့် AI Assistant ဟာ ကြီးမားတဲ့ Language Model များစွာကို ကိုင်တွယ်နိုင်ပါတယ်။ Music Fans တွေဟာ Bluetooth ကနေ 24-bit 96kHz Lossless Music ကို ခံစားနိုင်ပါတယ်။
Qualcomm ဟာ Asus, OnePlus , Xiaomi တို့လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားပြီး SD 8 Gen 3 ပါတဲ့ Device တွေဟာ မကြာခင် ဈေးကွက်ထဲ ရောက်လာမှာပါ။ Xiaomi 14 Series ဟာ အဲဒီ Chip ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာ ဖြစ်ပြီး ၂၆ ရက်နေ့ တရုတ်မှာ ကြေညာမှာပါ။ အဲဒီနောက်မှာ iQOO 12 Series နဲ့ vivo X100 Series တွေ ထွက်လာမှာပါ။
Ref : gizmochina