Qualcomm ဟာ လက်ရှိ Android စမတ်ဖုန်းတွေအများစုအတွက် Chipset တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ Flagship နဲ့ Gaming Android စမတ်ဖုန်းတွေအကုန်လုံးနီးပါး Qualcomm ရဲ့ Flagship Snapdragon Chipset တွေကို အသုံးပြုထားတာဖြစ်ပါတယ်။

ဥပမာအားဖြင့် Qualcomm ရဲ့ အကောင်းဆုံး Chipset ဖြစ်တဲ့ Snapdragon 865+ Chipset ကို အသုံးပြုထားတဲ့ ASUS ROG Phone 3 နဲ့ Lenovo Legion Gaming Phone တွေကလည်း လက်ရှိ Gaming Phone စျေးကွက်ထဲမှာ နာမည်ရနေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရှိရတဲ့သတင်းအရ Qualcomm ကိုယ်တိုင်ကပါ Gaming Phone စျေးကွက်ထဲကို ဝင်ရောက်လာတော့မှာပါ။

ယခုသတင်းကိုတော့ DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Qualcomm အနေနဲ့ ကိုယ်ပိုင် Gaming Phone Brand အသစ်ကို အစောဆုံး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ စတင်မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Gaming Phone Brand အတွက် အဓိက ASUS နဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

Qualcomm ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ နဲ့ ၂ ရက်နေ့တွေမှာ Snapdragon 875 Chipset ကို မိတ်ဆက်လာနိုင်တဲ့ Tech Summit Digital 2020 Event ကို ကျင်းပသွားဖို့ရှိတဲ့အတွက် အဆိုပါ Event မှာ အတည်ပြုကြေညာနိုင်ခြေများနေပါတယ်။ အဲ့ဒီအတွက် Qualcomm ရဲ့ ပထမဆုံး Gaming Phone ဟာ Snapdragon 875 သို့မဟုတ် Special Edition Chipset တစ်ခုခုကို အသုံးပြုလာနိုင်ပါတယ်။

ဒီလိုမျိုး Qualcomm ကနေ ကိုယ်တိုင် Gaming Phone ထုတ်လုပ်မှာထက် ASUS ROG Gaming Phone တွေကရော ဆက်လက်မိတ်ဆက်သွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ Snapdragon 730G နဲ့ Snapdragon 765G လိုမျိုး Mid Range Gaming Chipset တွေကိုလည်း မိတ်ဆက်ထားတဲ့အတွက် Qualcomm ကိုယ်တိုင်ကနေ Mid Range Gaming Phone တွေရော မိတ်ဆက်လာနိုင်မလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာပါ။

ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာ Mobile Game တွေအဆင့်ပိုမြှင့်လာသလို Gaming Phone စျေးကွက်ကလည်း ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာတော့မှာသေချာနေပါပြီ။

Ref – Gizmo China