NFTs အကြောင်းကို လူအများစု မသိကြသေးပေမယ့် အဲဒီ နည်းပညာဟာ ဖက်ရှင် လောကကို ရောက်လာပါပြီ။ နာမည်ကြီး မျက်မှန် Brand ဖြစ်တဲ့ Ray-Ban က ကုမ္ပဏီရဲ့ ပထမဆုံး NFTs (Non-fungible Tokens) ကို ကြေညာလိုက်ပါတယ်။
Ray-Ban ရဲ့ မျက်မှန် NFTs ဒီဇိုင်းဟာ တစ်မူထူးခြားပြီး တခြား Brand တွေနဲ့ လုံးဝကွဲပြားအောင် ဖန်တီးထားပါတယ်။ ကုမ္ပဏီက အဲဒီ NFTs ဟာ Ray-Ban Brand ကို ချစ်မြတ်နိုးသူတွေအတွက် တစ်မူထူးခြားမှုကို ပြသနိုင်မှာပါလို့ ပြောပါတယ်။
ဖက်ရှင် Brand တွေလိုပဲ Gaming နဲ့ နည်းပညာ နယ်ပယ်တွေဟာလည်း NFTs လောကထဲကို စတင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီ Brand တွေဟာ ထုတ်ကုန်တွေ ရောင်းချတာတင် မကဘဲ NFTs တွေနဲ့ ဝင်ငွေတိုးအောင် ကြိုးစားလာကြပါတယ်။
Ray-Ban ရဲ့ NFTs ကို ဘာလင် အခြေစိုက် ဂျာမနီ အနုပညာရှင် Oliver Latta က ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပြီး သူဟာ 3D Motion ဒီဇိုင်းတွေကို ဖန်တီးရာမှာ နာမည်အရမ်းကြီးပါတယ်။ သူ့ရဲ့ ဒီဇိုင်းတွေဟာ ဒီနေ့ခေတ် လူမှုအသိုက်အဝန်းရဲ့ စိတ်ခံစားမှုနဲ့ ရုန်းကုန်မှုတွေကို ဖော်ပြထားပါတယ်။
Ray-Ban က သူဖန်တီးထားတဲ့ မျက်မှန် NFTs ဒီဇိုင်းကို ကမ္ဘာ့ အကြီးဆုံး NFTs ဈေးကွက်ဖြစ်တဲ့ OpenSea မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေလံတင် ရောင်းချခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ လေလံပွဲ ပြီးဆုံးမှာ ဖြစ်ပြီး ရရှိတဲ့ ငွေကြေးတွေကို ပရဟိတ လုပ်ငန်းတွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။
Ref : fashionnetwork