Realbotix က CES 2025 မှာ ချောမောလှပတဲ့ AI လူတူစက်ရုပ် အမျိုးသမီးကို ပြသလိုက်ပါတယ်။ မယ်လိုဒီ လို့ အမည်ပေးထားပြီး ကိုယ်ခန္တာ အစိတ်အပိုင်းတွေကို ဖြုတ်တပ်နိုင်တဲ့ Modular ဒီဇိုင်း ဖြစ်ပါတယ်။ ခရီးဆောင်အိတ်ထဲကိုတောင် ထည့်သွင်းယူဆောင်သွားနိုင်ပါတယ်။

Robots with a Human Touch - REALBOTIX at CES 2025

သူမမှာ ဉာဏ်ရည်မြင့် နည်းပညာ ထည့်သွင်းထားပြီး အရာဝတ္ထုတွေကို သိနားလည်ပါတယ်။ သူမရဲ့ ကိုယ်ခန္တာ အစိတ်အပိုင်းတွေကို လဲလှယ်နိုင်ဖို့ Spare Parts တွေကို ထုတ်လုပ်ပေးထားပါတယ်။ အဆင့်မြင့် မော်တာတွေ တပ်ဆင်ထားပြီး လူတစ်ယောက်လို လှုပ်ရှားသွားလာနိုင်ပါတယ်။ Open Source ဒီဇိုင်း ဖြစ်ပြီး Realbotix AI သို့မဟုတ် ChatGPT လို Third Party System တွေကို အသုံးပြုနိုင်ပါတယ်။

Realbotix AI-Powered Humanoid Robots Debut at CES 2025, Built on Modular Open-Source Platform - TechEBlog

မယ်လိုဒီ ဟာ လူတစ်ယောက်လိုပဲ စိတ်ခံစားမှုတွေကို ပြသနိုင်ပြီး စကားပြောနိုင်ပါတယ်။ မယ်လိုဒီ ကို ဒေါ်လာ ၁၇၅,၀၀၀ သတ်မှတ်ထားပါတယ်။

အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှာ ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ပြပွဲ ဖြစ်တဲ့ Consumer Electronics Show (CES) 2025 ကို ကျင်းပနေပါတယ်။ အဲဒီပွဲမှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို ပြသနေကြပါတယ်။ မယ်လိုဒီ ကလည်း အဲဒီအထဲက ထူးခြားတဲ့ နည်းပညာ ထုတ်ကုန် တစ်ခု ဖြစ်လာပါတယ်။

Ref: Technology Innovation