Realme X7 Pro ဟန်းဆက်ဟာ မော်ဒယ်နံပါတ် RMX2121 နဲ့ TENAA ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာပြီး Specs အပြည့်အစုံကိုပါ ဖော်ပြလာခဲ့ပါတယ်။ ဒီပလက်ဖောင်းပေါ်မှာ တွေ့ခဲ့ရတဲ့ စာရင်းအရ X7 Pro ဟာ Android 10 OS ကို အသုံးပြုထားပြီး 6/8 GB RAM နဲ့ ထွက်လာမှာပါ။ Storage ကလည်း 128 / 256 GB နှစ်မျိုး ရွေးနိုင်မှာ ဖြစ်ပါတယ်။

Realme X7 Pro ဟာ In-display Fingerprint Reader နဲ့ လာမှာဖြစ်ပြီး TENAA ပလက်ဖောင်းပေါ်က ပုံရိပ်ထဲမှာ နောက်ကျောက “L” ပုံသဏ္ဍာန် ကင်မရာလေးလုံးကိုလည်း မြင်တွေ့ရမှာပါ။ ဘယ်ဘက်ခြမ်းမှာ Volume ခလုတ်နဲ့ ညာဘက်မှာ Power Butoon တို့ကိုလည်း တွေ့ရပါတယ်။ Realme X7 Pro ဟာ Black, White နဲ့ Purple ကာလာသုံးမျိုးဖြင့် ထွက်ရှိလာမှာပါ။

ဒီဖုန်းမှာ 6.55” FullHD+ AMOLED Display ပါဝင်ပြီး 120Hz Refresh Rate နဲ့ဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘယ်ဘက် မှာ 32MP ဆဲလ်ဖီးကင်မရာအတွက် Punch-hole တစ်ခု ပါရှိပါတယ်။ Realme က Weibo ပေါ်မှာ တင်ထားတဲ့ ဓါတ်ပုံထဲမှာ Display ရဲ့ သုံးဘက်သုံးတန်ကို အလွန်ပါးလွှာတဲ့ Bezel တွေနဲ့ တွေ့ရပါတယ်။

နောက်ဘက်မှာတော့ Quad-camera အတွဲကို ထည့်သွင်းထားပြီး 64MP အဓိက Sensor အပြင် 8MP ကင်မရာတစ်ခုနဲ့ 2MP Sensor နှစ်ခုတို့ ဖြစ်ပါတယ်။ 8MP ကင်မရာက ထုံးစံအတိုင်း Ultrawide Lens လို့ ယူဆရပြီး 2MP နှစ်လုံးက Macro နဲ့ Depth Sensor တွေ ဖြစ်နိုင်ပါတယ်။

X7 Pro ဖုန်းကို 2.6GHz Octa-core ချစ်ပ်ဆက်က အားဖြည့်ထားပြီး Dimensity 1000+ ချစ်ပ်ဆက် တစ်ခု ဖြစ်မယ်လို့ ယူဆရတယ်။ သူ့မှာ 4,500 mAh ဘက္ထရီ အသုံးပြုထားကာ အားသွင်းစနစ်က 65W ပါဝင်ပါတယ်။ လောလောဆယ်မှာ X7 စီးရီး အဖွဲ့ဝင် ဟန်းဆက် ဘယ်နှလုံးထိ မိတ်ဆက်လာမယ် ဆိုတာ မသိရသေးပေမယ့် X7 Pro အပြင် Vanilla ဗားရှင်း X7 လည်း ပါမယ်လို့တော့ ယုံကြည်ရပါတယ်။

Ref – GSMArena