သတင်းတွေ မကြာခဏ ထွက်နေတဲ့ realme Coca-Cola စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရပါပြီ။ အဲဒီ စမတ်ဖုန်းဟာ Custom realme 10 Pro 5G ဖြစ်ပြီး အိန္ဒိယမှာ ဒီလ ၁၀ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ realme အိန္ဒိယ ဝက်ဘ်ဆိုက်မှာ အဲဒီ စမတ်ဖုန်းကို အော်ဒါတင်နိုင်ပြီ ဖြစ်ပါတယ်။

Realme 10 Pro 5G Coca-Cola edition and realmeow figure

realme 10 Pro 5G Coca-Cola Edition ရဲ့ အနောက်ဘက်ဟာ အနက်နဲ့ အနီ ၂ ရောင်စပ် ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက်မှာ Coca-Cola Brand ကို ရေးသားထားပါတယ်။ အနောက်ကင်မရာ ၂ လုံးရဲ့ ဘောင်ပတ်လည်ကို အနီရောင် ဖန်တီးထားပါတယ်။

realme က Coca-Cola Edition စမတ်ဖုန်းမှာ Coca-Cola Theme နဲ့ လိုက်ဖက်တဲ့ အထူး Accessory တွေ ပါတဲ့ Custom Box ၁ ခု ထည့်သွင်းပေးထားမယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ realmeow Coca-Cola အရုပ်၊ DIY စတစ်ကာ၊ Custom SIM Card Needle ပါလာမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အလုံးရေ ၆,၀၀၀ ပဲ ရောင်းချမှာ ဖြစ်ပြီး သင် ရရှိတဲ့ ဖုန်းရဲ့ နံပါတ်ကို ပြသထားတဲ့ နံပါတ်ကတ် ၁ ခုကိုလည်း ဘူးထဲမှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Realme 10 Pro 5G Coca-Cola edition and realmeow figure

Coca-Cola စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ အရင်လက ပထမဆုံး ပေါက်ကြားထွက်ပေါ်လာခဲ့ပေမယ့် Brand Logo မပါတဲ့အတွက် ဘယ်ကုမ္ပဏီက ထုတ်လုပ်သလဲဆိုတာ မသိခဲ့ကြပါဘူး။ အဲဒီနောက်မှာ realme က Coca-Cola နဲ့ ပူးပေါင်းကာ အဲဒီ စမတ်ဖုန်းကို ထုတ်လုပ်ထားတယ်ဆိုတဲ့ အကြောင်းကို သတင်းပေးလာခဲ့ပါတယ်။

Ref : gsmarena