realme က မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် realme 14 Pro နဲ့အတူ realme 14 Series (5G) စမတ်ဖုန်းသစ်တွေကို မကြာခင်မှာမိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ realme 14 Pro က အခုထွက်ရှိလာမယ့် realme စမတ်ဖုန်းတွေထဲမှာ ဘက်စုံစွမ်းဆောင်ရည် all-rounder အကောင်းဆုံးဖုန်းတစ်လုံးဖြစ်သလို အအေးဓာတ်နဲ့ထိတွေ့လိုက်တာနဲ့ အရောင်ပြောင်းစေတဲ့နည်းပညာနဲ့ဖန်တီးဆန်းသစ်ထားတဲ့ ကမ္ဘာ့ပထမဆုံး အအေးဓာတ်ထိအရောင်ပြောင်းဖုန်းလည်းဖြစ်ပါတယ်။

နောက်ကျော်ဘက်ဒီဇိုင်းက ကမာကောင်အခွံပုံစံကိုရယူဖန်တီးထားတာဖြစ်ပြီး အထူးခြားဆုံးနဲ့ တစ်မူကွဲပြားသွားစေတာက သူ့ရဲ့နောက်ကျောဘက် pattern ဒီဇိုင်းက တစ်လုံးနဲ့တစ်လုံးတူညီနေတာမျိုးမဟုတ်ဘဲ အနည်းငယ်စီကွဲပြာနေတဲ့အတွက် Unique ဖြစ်တဲ့အသွင်းမျိုးအဖြစ် မြင်တွေ့ခံစားရစေမှာပဲဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ Pearl White ဆိုတဲ့ ပုလဲဖြူအရောင်မှာ ရရှိစေမှာဖြစ်ပြီး Suede Grey လိုမီးခိုးရောင်မှာတော့ ပရီမီယံဆန်တဲ့လယ်သာထိတွေမှုကို ခံစားနိုင်စေမှာဖြစ်လို့ အလှတရားတစ်မျိုးစီကို realme 14 Pro မှာ ထိတွေ့ရမှာပဲဖြစ်ပါတယ်။


DSLR အဆင့်လိုအရည်အသွေးရရှိစေနိုင်မယ့် Sony IMX882 OIS 50MP Camera ကိုတပ်ဆင်ပေးထားပြီး AI နည်းပညာပေါင်းစပ်မှုနဲ့ Flash မီး၃လုံးစနစ်သုံး MagicGlow အလင်းပေးစနစ်တို့ကြောင့်ကြည်လင်လှပတဲ့ဓာတ်ပုံတွေကို စိတ်တိုင်းကျဖန်တီးနိုင်စေမှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းအတွက်လည်း Dimensity 7300 5G Chipset ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်။

realme 14 Series (5G) ထုတ်ကုန်တွေမှာတော့ realme 14 5G နဲ့ realme 14T ထုတ်ကုန်တို့ပါဝင်ကြမှာဖြစ်ပါတယ်။ Model ၂မျိုးစလုံးမှာတော့ မြန်ဆန်သွက်လက်တဲ့ 5G Chipset တွေကိုသာအသုံးပြုပေးထားတာဖြစ်ပါတယ်။ realme 14 5G မှာဆိုရင် ကမ္ဘာ့ပထမဆုံး Snapdragon 6 Gen 4 Chipset ကိုအသုံးပြုပေးထားတာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ HOK, MLBB, FreeFire တို့လိုဂိမ်းတွေကို 120FPS နဲ့ ဆော့ကစားနိုင်စေမှာဖြစ်ပါတယ်။

120Hz Refresh Rate ရှိတဲ့ AMOLED Esports Display ကိုသုံးပေးထားသလို Peak Brightness ကလည်း 2100 nits အထိထောက်ပံ့ထားလို့ ပြင်ပနေအလင်းရောင်အောက်မှာပါ ထင်ထင်ရှားရှားအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ကြီးမားတဲ့အအေးခံမျက်နှာြပင်နဲ့အတူ Bionic Cooling System နဲ့ပေါင်းစပ်ထားလို့ ဂိမ်းကစားရင်း အပူမြင့်တက်မှုကိုပါ အကောင်းဆုံးလျှော့ချပေးစေမှာဖြစ်ပါတယ်။ ဘက်ထရီမှာဆိုရင်လည်း 6000mAh Titan ဘက်ထရီကိုသုံးပေးထားလို့ အရင်မျိုးဆက်ထက် အား ၈ရာခိုင်နှုန်းပိုခံစေဦးမှာဖြစ်ပါတယ်။

စျေးနှုန်းအသက်သာဆုံးနဲ့ရောင်းချပေးသွားမယ့် realme 14T အမျိုးအစားမှာဆိုရင်လည်း realme 14 5G မှာသုံးထားတဲ့ AMOLED မျက်နှာပြင်အမျိုးအစားတွေ၊ အအေးခံစနစ်တွေ၊ ကြီးမားတဲ့ Titan ဘက်မထရီတွေကိုပြန်လည်အသုံးပြုပေးထားပြီး Chipset ပိုင်းမှာဆိုရင် ပိုပြီး Stable ဖြစ်ဖြစ်အထိုင်ကျနေပြီဖြစ်တဲ့ Dimensity 6300 (5G) Chipset ကိုရယူအသုံးပြုပေးထားတာဖြစ်ပါတယ်။

realme 14 Pro နဲ့ realme 14 Series ထုတ်ကုန်တွေဟာ ဂိမ်မာတွေအကြိုက်တွေ့စေမယ့်အပြင် ဒီဇိုင်းလန်းလန်းနဲ့ all-rounder ဘက်စုံသုံးနိုင်ဖို့အတွက်လည်း စျေးတန်းအလိုက်ရွေးချယ်နိုင်စေဦးမှာဖြစ်ပါတယ်။

Media release: realme