Realme က 6 နဲ့ 6 Pro ကို ကြေညာလိုက်ပြီး ပြီးခဲ့တဲ့ ၅ လလောက်ကမှ ကြေညာထားတဲ့ အရင်မျိုးဆက်တွေထက် ပိုလန်းတဲ့ Chipset အသစ်တွေ ထည့်သွင်းထားပါတယ်။ Realme 6 မှာ ဂိမ်းအသားပေး Mediatek G90T Chipset မောင်းနှင်ထားပါတယ်။ 12nm ပလက်ဖောင်းနဲ့ တည်ဆောက်ထားပြီး Octa-core CPU ပါပါတယ်။ Mali-G76 MC4 GPU ပါလာပြီး 4GB , 6GB or 8GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ Realme 6 Pro မှာတော့ Snapdragon 720G Chipset မောင်းနှင်ထားပါတယ်။

၆.၅ လက်မ LCD Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 90Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းကို လန်းပါတယ်။ Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main Samsung ISOCELL Bright GW1 Sensor , 8MP Ultrawide , 2MP Macro နဲ့ 2MP B&W Auxiliary Sensor ( Portrait ) တွေ ထည့်သွင်းထားပါတယ်။

Pro မော်ဒယ်မှာ ၆.၆လက်မ 90Hz LCD Display ကို အသုံးပြုထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Punch Hole မှာ 16MP + 8MP (Ultra-wide) Sensor တွေ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main Samsung ISOCELL Bright GW1 Sensor, 8MP Ultrawide , 12MP Telephoto နဲ့ 2MP Macro lens တွေ ပါဝင်ပါတယ်။ Telephoto lens က 20x Zoom အထိ ထောက်ပံ့ပေးနိုင်ပါတယ်။

64GB နဲ့ 128GB UFS2.1 Storage တွေ ရွေးချယ်နိုင်ပြီး microSD Card Slot နဲ့ Dual SIM Slot ပါပါတယ်။ မော်ဒယ် ၂မျိူးစလုံးမှာ 30W Charging ပါတဲ့ 4,300mAh ဘက်ထရီတွေကို ထည့်သွင်းပေးထားပါတယ်။ realme 6 ရဲ့  4/64GB ကို ၁၂,၉၉၉ ရူပီး၊ 6/128GB ကို ၁၄,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၄ သောင်း၊  ၂ သိန်း ၈ သောင်းနဲ့ ၃ သိန်းလောက် ကျသင့်မှာပါ။ realme 6 Pro ရဲ့ 6/64GB ကို ၁၆,၉၉၉ ရူပီး၊ 6/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်း၊  ၃ သိန်း ၄ သောင်းနဲ့ ၃ သိန်း ၆သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena