အခုလ အစပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Realme 7 Pro ကို အိန္ဒိယနိုင်ငံမှာ ဒီနေ့ စတင်ရောင်းချပြီလို့ သိရပါတယ်။ Flipkart နဲ့ Realme အွန်လိုင်းစတိုးကနေ ဝယ်ယူလို့ရပြီလို့ ဆိုပါတယ်။

Realme 7 Pro ဟာ Mirror Silver နဲ့ Mirror Blue အရောင်နှစ်မျိုး ထွက်ရှိလာပါတယ်။ Memory ရွေးချယ်စရာ နှစ်မျိုးရှိပြီး 6GB/128GB ကို အိန္ဒိယ ရူပီး ၁၉,၉၉၉ (မြန်မာငွေ သုံးသိန်း ခြောက်သောင်းဝန်းကျင်) နဲ့ 8GB/128GB ကို အိန္ဒိယ ရူပီး ၂၁,၉၉၉ (မြန်မာငွေ သုံးသိန်း ကိုးသောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Realme 7 Pro မှာ Snapdragon 720G SoC ချစ်ပ်ဆက်ကို သုံးထားပြီး Android 10 OS ကို အခြေခံထားတဲ့ Realme UI ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်မှာတော့ 6.4″ FullHD+ Super AMOLED Display နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး Fingerprint ကိုလည်း Display ရဲ့အောက်မှာပဲ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ဘယ်ဖက်ထောင့်မှာတော့ 32MP selfie ကင်မရာကို Punch Hole ဒီဇိုင်းနဲ့ ထည့်ထားပါတယ်။

နောက်ကင်မရာကတော့ လေးလုံးပါဝင်ပြီးတော့ အဓိက ကင်မရာက 64MP ဖြစ်ပြီး Ultrawide ကင်မရာက 8MP၊ Macro ကင်မရာက 2MP နဲ့ Depth Sensor Units က 2 MP ပါဝင်ပါတယ်။ အသံစနစ်မှာတော့ Realme 7 Pro မှာ Stereo စပီကာ ပါဝင်ကာ ဘက္ထရီကတော့ 4,500 mAh ဖြစ်ပြီး 65W Charger နဲ့ အားသွင်း အသုံးပြုနိုင်မှာပါ။

Realme 7 ကို Realme 7 Pro နဲ့ အတူ ဒီလ အစောပိုင်းမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Realme 7 ကိုတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက အိန္ဒိယမှာ ဝယ်လို့ရနေပြီ ဖြစ်ပါတယ်။ Realme 7 ကို အိန္ဒိယမှာ အလုံးရေပေါင်း တစ်သိန်းရှစ်သောင်းကျော် ရောင်းချနိုင်ခဲ့ပြီး လာမယ့် စက်တင်ဘာ ၁၇ နေ့လည်ပိုင်းမှာ ဒုတိယ အသုတ် ရောင်းချဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

Ref – Gsmarena