[Zawgyi]

Realme XT ကို ေၾကညာတဲ့ ပြဲမွာ ကုမၸဏီက Android 10 ရမယ့္ ဖုန္းေတြအေၾကာင္းကိုပါ ေျပာျပခဲ့ပါတယ္။ Android 10 ရမယ့္ ဖုန္း ၈ လံုးကို သိလာရပါၿပီ။ ဒါေပမယ့္ ဒီႏွစ္ထဲမွာ ရရွိမွာ မဟုတ္ဘဲ ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလနဲ႔ မတ္လအတြင္းမွာ ရရွိမွာ ျဖစ္ပါတယ္။ ထံုးစံအတုိင္းပဲ ေနာက္ဆံုး ထြက္ထားတဲ့ ဖုန္းေတြက Android 10 ကို အေစာဆံုး ရရွိမွာ ျဖစ္ပါတယ္။

Realme 3 Pro ,5 Pro , Realme X နဲ႔ XT တို႔ဟာ ကြာတား ၁ ျဖစ္တဲ့ ဇန္န၀ါရီလနဲ႔ မတ္လအတြင္းမွာ ရရွိမွာ ျဖစ္ပါတယ္။ Realme 3 , 5 နဲ႔ 3i တို႔အတြက္  ကြာတား ၂ ျဖစ္တဲ့ ဧၿပီလနဲ႔ ဇြန္လအတြင္းမွာ ျဖန္႔ခ်ိေပးမွာ ျဖစ္ပါတယ္။ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လနဲ႔ စက္တင္ဘာလအတြင္းမွာ ရရွိမယ့္ ဖုန္းက Realme 2 Pro ျဖစ္ပါတယ္။

Realme 1 , Realme 2 , Realme U1 နဲ႔ Realme C တို႔ဟာ Android 10 ကို မရရွိေတာ့ဘူးလို႔ ထင္ရပါတယ္။ ဒါမွမဟုတ္ အဲဒီ ဖုန္းေတြအတြက္ ျဖန္႔ခ်ိေပးမယ့္ အခ်ိန္ကို ကုမၸဏီက ေနာက္ပိုင္းက်မွ ေၾကညာႏုိင္ပါတယ္။ အဲဒီ ဖုန္းအမ်ားစုကို ေရာင္းေပးထားတာ ၁ ႏွစ္ေလာက္ပဲရွိေသးတဲ့ အတြက္ Android 10 မေပးေတာ့ဘူးဆိုရင္ေတာ့ ႏွေျမာစရာေကာင္းပါတယ္။ Realme C2 ကို ဧၿပီလကမွ ေရာင္းခ်ေပးထားတာ ျဖစ္ပါတယ္။

မေန႔ကေၾကညာခဲ့တဲ့ Realme XT မွာ Android 9 Pie အေျချပဳ ColorOS 6 ေမာင္းႏွင္ထားၿပီး ၂၀၂၀ ခုႏွစ္ အေစာပိုင္းမွာ Android 10 ထည့္ေပးမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Ref : gsmarena

[Unicode]

Realme က Android 10 ရမယ့် ဖုန်း ၈ လုံးကို ကြေညာ

Realme XT ကို ကြေညာတဲ့ ပွဲမှာ ကုမ္ပဏီက Android 10 ရမယ့် ဖုန်းတွေအကြောင်းကိုပါ ပြောပြခဲ့ပါတယ်။ Android 10 ရမယ့် ဖုန်း ၈ လုံးကို သိလာရပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာ ရရှိမှာ မဟုတ်ဘဲ ၂၀၂၀ ခုနှစ် ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ရရှိမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ နောက်ဆုံး ထွက်ထားတဲ့ ဖုန်းတွေက Android 10 ကို အစောဆုံး ရရှိမှာ ဖြစ်ပါတယ်။

Realme 3 Pro ,5 Pro , Realme X နဲ့ XT တို့ဟာ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ရရှိမှာ ဖြစ်ပါတယ်။ Realme 3 , 5 နဲ့ 3i တို့အတွက် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ရရှိမယ့် ဖုန်းက Realme 2 Pro ဖြစ်ပါတယ်။

Realme 1 , Realme 2 , Realme U1 နဲ့ Realme C တို့ဟာ Android 10 ကို မရရှိတော့ဘူးလို့ ထင်ရပါတယ်။ ဒါမှမဟုတ် အဲဒီ ဖုန်းတွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကို ကုမ္ပဏီက နောက်ပိုင်းကျမှ ကြေညာနိုင်ပါတယ်။ အဲဒီ ဖုန်းအများစုကို ရောင်းပေးထားတာ ၁ နှစ်လောက်ပဲရှိသေးတဲ့ အတွက် Android 10 မပေးတော့ဘူးဆိုရင်တော့ နှမြောစရာကောင်းပါတယ်။ Realme C2 ကို ဧပြီလကမှ ရောင်းချပေးထားတာ ဖြစ်ပါတယ်။

မနေ့ကကြေညာခဲ့တဲ့ Realme XT မှာ Android 9 Pie အခြေပြု ColorOS 6 မောင်းနှင်ထားပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ Android 10 ထည့်ပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref : gsmarena