realme Watch ကို မေလနဲ့ Watch S ကို ပြီးခဲ့တဲ့ လ အစောပိုင်းက ကြေညာခဲ့ပြီး အခုတော့ realme Watch S Pro အလှည့်ကျရောက်လာပြန်ပါပြီ။ realme Watch S Pro မှာ ARM Cortex-M4 Processor မောင်းနှင်ထားပြီး Operating System ကို မသိရသေးပါဘူး။ ဒီဇိုင်းက Watch S နဲ့ ဆင်တူပြီး Pro မှာ  ၁.၃၉ လက်မ Always-on AMOLED ထိတွေ့မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပါတယ်။ 454×454 Pixel Resolution ရှိပြီး Watch Face ပေါင်း ၁၀၀ ကျော် ပါလာပါတယ်။ သင်နှစ်သက်တဲ့ ဓါတ်ပုံကို ဖုန်းကနေ Upload လုပ်ကာ Watch Face အဖြစ် သုံးနိုင်ပါတယ်။

Realme announces Watch S Pro, Watch S Master Edition, and Buds Air Pro Master Edition

Watch S Pro ရဲ့ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပြီး ၆၃.၅ ဂရမ် အလေးချိန်ရှိပါတယ်။ လက်ပတ်ကြိုးအတွက် ဆီလီကွန်နဲ့ သားရေတွေ ရွေးချယ်နိုင်ပြီး အစိမ်း၊ အညို၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနက်ရောင် ဆီလီကွန် လက်ပတ်ကြိုး ပါလာမှာ ဖြစ်ပြီး ကျန်တဲ့ အရောင်တွေကို သီးခြား ရောင်းပေးမှာပါ။

Realme Watch S Pro packs an AMOLED screenRealme Watch S Pro packs an AMOLED screenRealme Watch S Pro packs an AMOLED screenRealme Watch S Pro packs an AMOLED screen

realme Watch S Pro မှာ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ စွမ်းရည် ပါလာပါတယ်။ ဒါ့အပြင် အိပ်စက်မှုနဲ့ ခြေလှမ်းတွေကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။ Sports Mode ပေါင်း ၁၅ မျိုး ထည့်သွင်းထားပြီး Swimming Mode အသစ် ပါလာတာက ရေကူးသူတွေအတွက် မိုက်ပါတယ်။

Watch S Pro has a stainless steel case and the straps are offered in four colorsWatch S Pro has a stainless steel case and the straps are offered in four colors

Dual-satellite GPS ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ Idle Alerts နဲ့ Drink Reminder ထည့်သွင်းထားပြီး Smart Notification , Incoming Call Alerts , Camera & Music Control တွေ ထောက်ပံ့ထားပါတယ်။ 420mAh ဘက်ထရီ တပ်ဆင်ထားပြီး ၂ ပတ်လောက် အသုံးခံပါတယ်။ ၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။ ဒီလ ၂၉ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena