Realme ဟာ Buds Q ကြိုးမဲ့နားကြပ်ကို Buds Air စီးရီးနေရာမှာ အစားထိုးဖို့ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ Buds Q ကတော့ ဒီဇိုင်းပိုင်းရော၊ အရည်အသွေးပိုင်းမှာပါ မူလနားကြပ်တွေထက် ပိုပြီးတပ်မက်ဖို့ကောင်းတဲ့ ဖြေရှင်းမှုတွေနဲ့ ဖြစ်တာကြောင့် အောင်မြင်တဲ့ အစားထိုးမှုလို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမယ့် Realme ဟာ Buds Air တွေကိုလည်း လုံးဝစွန့်ပစ်လိုက်တာမဟုတ်ပါဘူး။ မကြာခင်မှာပဲ Buds Air 2 ကို Buds Q2 နဲ့အတူ တွဲဖက်ပြီး ကြေညာလာနိုင်တာကို တွေ့ရပါတယ်။ အကြောင်းက ဒီလဆန်းပိုင်းမှာ FCC နဲ့ Indonesia Telecom တို့မှာ Realme ရဲ့ TWS အသစ်နှစ်ခုကို တွေ့မြင်ခဲ့ကြရတာကြောင့် ဖြစ်ပါတယ်။

မူလ Realme Buds Q ဟာ 40mAh ဘက်ထရီကိုယ်စီနဲ့ဖြစ်ပါတယ်။ အခု ဆက်ခံသူ Buds Q ကိုလည်း FCC ရဲ့ Certified မှာ အလားတူ ဘက်ထရီပမာဏနဲ့ပဲ တွေ့မြင်ရပြန်ပါတယ်။ ဘူးဒီဇိုင်းပိုင်းကတော့ မူလမျိုးဆက်နဲ့ သိပ်ပြီးကွာခြားဖွယ်မရှိဘူးလို့ ခန့်မှန်းရပါတယ်။ မူလ Buds Q ဟာ Case နဲ့ဆိုရင်တော့ 400mAh စွမ်းရည်ကို ယူဆောင်ပေးခဲ့တာကြောင့် Buds Q2 မှာတော့ ပိုများတဲ့ စွမ်းရည်ကိုယူဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

နားကြပ်ရဲ့ဒီဇိုင်းပိုင်းမှာတော့ မတူညီတဲ့ ကွဲပြားမှုအချို့ကို မြင်တွေ့ရဖွယ်ရှိပါတယ်။ အထူးသဖြင့် အပြင်ဘက် အနားဝန်းမှာ Mic ကိုနေရာချထားတာက ကွဲပြားတဲ့တည်ဆောက်မှုလို့ ဆိုရမှာပါ။ ဒါ့အပြင် Buds Q2 ဟာ Hinge ပိုင်းမှာ ကြံခိုင်မှုပိုကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုကိုယူဆောင်လာမယ်လို့ မျှော်လင့်ရပြီး USB-C charging နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေလည်း ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena