realme ရဲ့ ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ realme C3 စမတ်ဖုန်းဟာ MediaTek Helio G70 Chipset ကို ပထမဆုံးအသုံးပြုထားသလို Battery အနေနဲ့လည်း 5000mAh Battery ပါဝင်တဲ့အတွက် Budget ဖုန်းတွေထဲမှာတော်တော်လေးကို အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အခုလည်း realme ကနေ အဆိုပါ realme C3 ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမယ့် realme C11 ကို မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပါတယ်။

realme C11 စမတ်ဖုန်းဟာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ မလေးရှားနိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး ဖုန်းမှာ ပါဝင်လာမယ့် Feature တွေအပြင် ဒီဇိုင်းကိုဖော်ပြထားတဲ့ Teaser ဓါတ်ပုံတွေကိုပါ ပြသခဲ့ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံတွေမှာတော့ realme C11 စမတ်ဖုန်းမှာ MediaTek ရဲ့ 12nm Architecture ကို အခြေခံထားတဲ့ Helio G35 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အဆိုပါ MTK Helio G35 Chipset ဟာ realme C11 မှာ ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ Helio G70 Chipset ထက် ဘယ်လောက်ထိ စွမ်းဆောင်ရည်ပိုကောင်းမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဒါတင်မဟုတ်သေးဘဲ Display အနေနဲ့လည်း 6.5″ Mini-drop Full Screen အပြင် 5000mAh Battery ကိုပါထည့်သွင်းထားမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ Dual Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Nightscape Mode အသစ်ပါဝင်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Budget စမတ်ဖုန်းတစ်လုံးအနေနဲ့ကတော့ realme C11 က ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China