ပြီးခဲ့တဲ့ ရက်အနည်းငယ်က realme C12 ရဲ့ သတင်းတွေ ထွက်လာခဲ့ပြီး မော်ဒယ်နံပါတ်က RMX2189 ဖြစ်ပါတယ်။ အဲဒီဖုန်းကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ တရုတ်တို့မှာ မှတ်ပုံတင်ထားပါတယ်။ အခုတော့ Geekbench မှာ အဲဒီဖုန်းကို တွေ့လာရပြီ ဖြစ်ပြီး MediaTek Helio P35 Chipset , 3GB RAM နဲ့ Android 10 OS တို့ ပါမယ်လို့ ဖော်ပြထားပါတယ်။

BIS (Bureau of Indian Standards) Website မှာ EMX2189 လို့ ဖော်ပြထားပြီး အိန္ဒိယမှာလည်း မှတ်ပုံတင်ထားတာပါ။ အဲဒီအတွက် realme C12 ကို အိန္ဒိယမှာလည်း ရောင်းချမှာ သေချာပါတယ်။ အဲဒီဖုန်းဟာ realme C11 နဲ့ C15 ကြားထဲက ဖြစ်ပြီး 4G ပဲပါလာနိုင်ပါတယ်။ HD+ Waterdrop-notch မျက်နှာပြင်နဲ့ နားကြပ်ပေါက် ထည့်သွင်းထားနိုင်ပါတယ်။ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာတာ ကောင်းပေမယ့် 10W Charging ပဲ ထောက်ပံ့ထားတာက သိပ်မမိုက်ပါဘူး။

realme C12 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ၁ လုံး ဖြစ်ပြီး မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် ရောင်းအားကောင်းနိုင်ပါတယ်။

Ref : gsmarena