အားလုံးစောင့်မျှော်နေကြသည့် realme C Series စမတ်ဖုန်းသစ်ဖြစ်သော realme C15 ကို ယခုအခါတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရပြီး ကြီးမားသည့် 6000 mAh Mega battery နှင့်အတူ 18W Quick Charge တို့အသုံးပြုပေးထားခြင်းကြောင့် battery အားကုန်မှုအပိုင်းကိုများစွာသက်သာစေသည့်အပြင် ၂၆ မိနစ်အတွင်းမှာပင် battery 50% အထိအားဝင်စေမည်ဖြစ်သည်။ realme C15 စမတ်ဖုန်းသစ်အတွက် သုံးစွဲသူအများစုသဘောကျနှစ်သက်သည့် RAM 4GB + ROM 64GB version ကို ဈေးနှုန်း ၂၁၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ Seagull Silver နှင့် Marine Blue ၂ရောင်ကိုမိမိစိတ်တိုင်းကျ ရွေးချယ်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် realme C15 စမတ်ဖုန်းသစ်ဝယ်ယူသူတိုင်းအတွက် Mytel Data Package နှင့် realme ကပေးအပ်မည့် မေတ္တာလက်ဆောင်တို့ကိုပါ ထပ်ဆောင်းရရှိစေမည်ဖြစ်သည်။ Mytel Data Package အတွက် 6GB Data နှင့် On-Net Call ( 60 Minutes) တို့ကိုရယူခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ Mytel Data Package မှာ ရက်ပေါင်း ၆ဝ အတွင်းအသုံးပြုနိုင်ပြီး Myteal SIM card အသစ်ကို SIM Slot -1 နေရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်မည်ဖြစ်ပြီး အကယ်၍ လက်ရှိအသုံးပြုနေသည့် Mytel SIM card အဟောင်းကိုထည့်သွင်းအသုံးပြုပါက စုစုပေါင်းအကျိုးခံစားခွင့်၏ ၅ဝ ရာခိုင်နှုန်းကိုသာ ရရှိစေမည်ဖြစ်သည်။

realme C15 စမတ်ဖုန်းသစ်တွင် နောက်ဘက်ကင်မရာပိုင်းအတွက် Quad Camera Set-up အဖြစ် ကင်မရာ ၄လုံးအထိ တပ်ဆင်ပေးထားပြီး ပင်မကင်မရာမှာ 13MP အရည်အသွေးရုပ်ပုံများကိုရိုက်ယူနိုင်စေ မည်ဖြစ်သည်။ အခြားကင်မရာ ၃သုံးအတွက် 8MP Ultra Wide-angle lens၊ 2MP Depth Sensor နှင့် 2MP Marco Lens တို့ကိုတပ်ဆင်ပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 8MP ကိုအသုံးပြုပေးထားပြီး FullHD Video များကိုလည်း 30fps ဖြင့်ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။

realme C15 တွင် ကြီးမားကျယ်ပြန့်သည့် 6.5-inch Mini-Drop HD Display ကိုအသုံးပြုပေးထားခြင်းကြောင့် Multimedia ပိုင်းအတွက် ကောင်းမွန်သည့်အတွေ့အကြုံကိုခံစားရစေမည်ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core 2.3 GHz အထိအလုပ်လုပ်ပေးမည့် Snapdragon 460 Chipset ကိုအသုံးပြုပေးထားသည်။ Android 10 ကိုအခြေခံထားသည့် realme UI ကိုထိတွေ့ရစေမည်ဖြစ်ပြီး Software ပိုင်းတွင် ကောင်းမွန်သည့် Optimization အဆင့်မြှင့်တင်မှုများကိုပြုလုပ်ပေးထားသည်။ realme C15 ၏ 6000 mAh Mega battery ကို အခြား device များအား, အားပြန်သွင်းပေးနိုင်စေမည့် Reverse Charging စနစ်ကိုထည့်သွင်းပေးထားခြင်းကြောင့် Power Bank အဖြစ်ပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။