Realme ဟာ အိန္ဒိယစျေးကွက်မှာ C11 စမတ်ဖုန်းကို မိတ်ဆက်ခဲ့စဉ်က ပထမဆုံး Flash Sale မှာ အလုံးရေ တစ်သိန်းခွဲကို နှစ်မိနစ်အတွင်း အကုန်ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါဖုန်းအတွက် မျိုးဆက်သစ်ထွက်ပေါ်လာပြီဖြစ်ပြီး Realme C15 လို့အမည်ပေးထားတဲ့ စမတ်ဖုန်းဟာ အင်ဒိုစျေးကွက်ကို နောက်အပတ်မှာ မိတ်ဆက်တော့မှာပါ။

မိတ်ဆက်ရက်နီးစပ်နေပေမယ့် ဖုန်းအသစ်နဲ့ပတ်သက်တဲ့ Specs တွေကတော့ သိရတာ နည်းနေပါသေးတယ်။ သူ့မှာ 6,000 mAh ဘက္ထရီပါမယ် ဆိုတာရယ်၊ Helio G35 ချစ်ပ်ဆက်နဲ့ 13MP အဓိကကင်မရာ သုံးစွဲထားမယ် ဆိုတာလောက်ပဲ အတည်ပြုထားတာပါ။

Helio G35 ချစ်ပ်ဆက်ဟာ 2.3GHz မြန်နှုန်းနဲ့ Cortex-A53 ယူနစ်ရှစ်ခုပါဝင်တဲ့ Octa-core ပရိုဆက်ဆာ ဖြစ်ပါတယ်။ သတင်းတွေကတော့ Realme C15 မှာ RAM ရွေးချယ်စရာနှစ်ခုပါမှာဖြစ်ပြီး 3GB နဲ့ 4GB လို့ဆိုပါတယ်။ သေချာတာကတော့ မျိုးဆက်ဟောင်း C11 ထက် စွမ်းဆောင်ရည်ပိုကောင်းမှာပါ။

နောက်ဘက်မှာ 13MP အဓိကကင်မရာကို 8MP Ultrawide + 2MP Macro + 2MP Depth Sensor တို့က ဝန်းရံလာမှာ ဖြစ်ပါတယ်။ ဆဲလ်ဖီးကင်မရာကတော့ 5MP ဖြစ်ပြီး Waterdrop Notch ဒီဇိုင်း အသုံးပြုထားပါတယ်။

Ref – GSMArena