realme ဟာ တန်ဖိုးနည်း C Series ဖုန်း အသစ် ၁ လုံးကို ဗီယက်နမ်မှာ ကြေညာလိုက်ပါတယ်။ realme C20 လို့ နာမည်ပေးထားပြီး ၆.၅ လက်မ IPS LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Resolution မှာ 1600×720 pixels (HD+) ဖြစ်ပြီး 20:9 Aspect Ratio , 270ppi ထောက်ပံ့ထားပါတယ်။ Screen-to-body Ratio ဟာ ၈၉ ရာခိုင်နှုန်း ရှိပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အရွယ်သေး Notch ပါလာပေမယ့် Chin က နည်းနည်း ထူပါတယ်။

MediaTek Helio G35 Chipset မောင်းနှင်ထားပြီး 2GB LPDDR4X RAM နဲ့ 32GB eMMC Storage ထည့်သွင်းထားပါတယ်။ dual -SIM , 4G, dual-band WiFi , Bluetooth 5.1 , GNSS (GPS, GLONASS, Galileo, BDS) , MicroUSB Port , microSD Card Slot နဲ့ 3.5mm Headphone Jack တွေ ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 8MP Main ၁ လုံးထဲနဲ့ LED Flash ၁ လုံး ပူးတွဲထားပြီး 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု realme UI ပါလာတာက သိပ်မမိုက်ဘဲ Android 11 တော့ ရသင့်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 10W Charging , Reverse Charging တွေ ထောက်ပံ့ထားပါတယ်။

အညိုနဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ဗီယက်နမ် ဒေါင် ၂,၆၉၀,၀၀၀ သတ်မှတ်ထားပါတယ်။ ၁ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပြီး အဲဒီမှာ စတင် ရောင်းချပေးနေပါပြီ။ တခြား အာရှနိုင်ငံတွေမှာ လာမယ့် ရက်အနည်းငယ်အတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina