realme ကနေ Budget C Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ realme C67 5G ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ realme C67 5G ရဲ့ အဓိကထူးခြားချက်က MediaTek ရဲ့ Dimensity 6100+ Chipset ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။
realme C67 5G ရဲ့ Display ကိုတော့ 6.72″ FHD+ IPS LCD Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာပါ။ Selfie Camera အတွက် 8MP Sensor ကို Punch-hole ပုံစံ ထည့်သွင်းထားပြီး realme ရဲ့ Mini Capsule 2.0 ကိုလည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။
Camera ပိုင်းမှာ 50MP Main Camera နဲ့ 2MP Portrait Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ realme 67 5G ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Charging ဖြင့် ပြန်လည်အားသွင်းနိုင်မှာပါ။
ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ realme UI 4.0 ၊ IP54 Dust & Water Resistant Rating ၊ Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Sunny Oasis နဲ့ Dark Purple ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး RAM 4/128GB Model ကို $168 ဝန်းကျင်ကနေ စတင်ရောင်းချသွဦးမယ်လို့ သိရပါတယ်။
Ref – GSM Arena