Realme ရဲ့ ဈေးနှုန်းသင့်တင့်တဲ့ C series ရဲ့ မော်ဒယ်အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ အစောပိုင်းက C73 ကို မိတ်ဆက်ခဲ့ပြီးနောက် အခုအခါမှာတော့ C71 ကိုလည်း တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ အရင်ဆုံး ကြေညာခဲ့တာ ဖြစ်ပေမယ့် တခြားဈေးကွက်တွေလည်း မကြာခင်မှာ ရောင်းချမှာ သေချာပါတယ်။

Realme C71 launches with 6,300 mAh battery - GSMArena.com news

C71 မှာ ၆.၆၇ လက်မ အရွယ် 720×1604 LCD မျက်နှာပြင် ပါဝင်ပြီး 120 Hz refresh rate နဲ့ 725-nit အမြင့်ဆုံး အလင်းရောင် ထုတ်ပေးနိုင်ပါတယ်။ Unisoc T7250 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4/6GB RAM၊ 128GB သိုလှောင်မှုပမာဏ၊ 6,300 mAh ဘက်ထရီနဲ့ 45W SuperVOOC မြန်ဆန်တဲ့ ကြိုးအားသွင်းစနစ်တို့ကို ထောက်ပံ့ပေးထားပါတယ်။

ကျောဘက်မှာ 50 MP “AI Camera” ပါဝင်ပြီး ဆယ်လ်ဖီအတွက် 5 MP ကင်မရာ ပါဝင်ပါတယ်။ ဒီဖုန်းဟာ 4G သာ အသုံးပြုနိုင်ပြီး NFC, GPS, Wi-Fi 6, Bluetooth 5.2, “အသံအလွန်ကျယ်” စပီကာတစ်လုံး၊ ဘေးဘက်တွင် တပ်ဆင်ထားသော လက်ဗွေရာစကင်နာတို့ ပါဝင်ပါတယ်။ Android 15 ကို Realme UI နဲ့တွဲဖက်ပြီး အသုံးပြုထားပါတယ်။ အရွယ်အစားက 165.8 x 75.9 x 7.79 mm ဖြစ်ပြီး အလေးချိန် 196g ရှိပါတယ်။ 1.5m အမြင့်ကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိအောင် MIL-STD-810H လက်မှတ်ရရှိထားပါတယ်။

 

ဗီယက်နမ်မှာ ဈေးနှုန်းက VND 3,990,000 ဖြစ်ပြီး  ဒေါ်လာ ၁၅၃ ဝန်းကျင် ရှိပါတယ်။ ဒါပေမယ့် လက်လီရောင်းချသူအချို့က မိတ်ဆက်ပရိုမိုးရှင်းအနေနဲ့ VND 3,790,000 (ဒေါ်လာ ၁၄၅ ခန့်) အထိ ဈေးလျှော့ချထားပါတယ်။

Ref: gsmarena