realme က CES မှာ 240W Charging ကို ကြေညာလိုက်ပြီး စမတ်ဖုန်း နယ်ပယ်ထဲမှာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ ကုမ္ပဏီက 240W Charging ကို အရင်ဆုံး ထည့်သွင်းထားမယ့် စမတ်ဖုန်းဟာ realme GT Neo 5 လို့ အတည်ပြုလိုက်ပါတယ်။

Realme 240W SuperVOOC Charging Technology

ပေါက်ကြားသတင်းတွေအရ အဲဒီ ဖုန်းမှာ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး Dimensity 8200 နဲ့ 150W Charging ပါတဲ့ GT Neo 5 မော်ဒယ် နောက်တစ်မျိုုးလည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

GT Neo 5 မှာ 50MP Main (OIS), 8MP Ultrawide , 2MP ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 16MP ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာပါ။ မျက်နှာပြင်က ၆.၇ လက်မ 1.5K Resolution (1240x2772p) ဖြစ်ပြီး 144Hz Refresh Rate ပါလာမှာပါ။

Realme 240W SuperVOOC Charging Technology

ဖုန်းမှာ အပူချိန် ဆန်ဆာ ၁၃ ခု တပ်ဆင်ထားမှာ ဖြစ်ပြီး အားသွင်းတဲ့အချိန်မှာ စောင့်ကြည့်ကာ အပူချိန် အလွန် များလာတာနဲ့ အားသွင်းတာကို ရပ်ပေးနိုင်ပါတယ်။ realme က ဘက်ထရီဟာ 1,600 Charge Cycle ပြီးနောက်မှာ ပမာဏ ၈၀ ရာခိုင်နှုန်း ကျန်တယ်လို့ ပြောပါတယ်။

realme က Charger ဟာ 240W Power ကို ထုတ်ပေးနိုင်တယ်လို့ ပြောပါတယ်။ 20V/12A နဲ့ 10V/24A ကို ထောက်ပံ့ပြီး realme GT Neo3 မှာ ထည့်ထားတဲ့ အရင်မျိုးဆက် 150W Adapter ထက် ၅ ရာခိုင်နှုန်းပဲ ပိုကြီးပါတယ်။

GT Neo3 ရဲ့ 150W Charging က 4,500mAh ဘက်ထရီကို ၁၆ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ GT Neo5 ရဲ့ အားသွင်းချိန်ကို မသိရသေးဘဲ 240W Charging ပါတဲ့ GT Neo5 ကို နောက်လ ကြေညာမှာပါ။

Ref : gsmarena