realme က အိန္ဒိယမှာ မကြာခင် 13 Pro Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက တွစ်တာမှာ အဲဒီ အကြောင်း ကြေညာထားတာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေမှာ AI စွမ်းရည်တွေ ပါလာမယ်လို့ ပြောပါတယ်။

Realme Confirms the India Launch of the 13 Pro Series: Likely to pack  5500mAh battery - Smartprix

realme 13 Pro ဟာ ပထမဆုံး ပရော်ဖက်ရှင်နယ် “AI Camera Phone” ဖြစ်လာမှာ ဖြစ်ပြီး ဓါတ်ပုံ စွမ်းရည် အဆင့်မြင့်မားမယ်လို့ realme က ပြောပါတယ်။

Realme 13 Pro Series India Launch Confirmed: Specs, Features, and  Expectations

ကုမ္ပဏီက မျှဝေထားတဲ့ Teaser ဓါတ်ပုံမှာ realme 12 Pro ဒီဇိုင်းကို ဆက်လက် အသုံးပြုထားပြီး အနောက်ဘက်မှာ ကင်မရာ Island ကို အလယ်မှာ ထည့်သွင်းထားပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ “Hyperimage+” Tagline ကို မြင်ရပါတယ်။

realme 13 Pro Series ရဲ့ သတင်းအချက်အလက် အနည်းငယ်ကိုပဲ လက်ရှိမှာ သိထားရပြီး realme 13 Pro+( Model Number RMXC3921) မှာ 5,050mAh Battery ပါလာမှာပါ။ 50MP Sony IMX899 Main ကင်မရာနဲ့ 50MP IMX882 3x Periscope Zoom ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

realme က 13 Pro ကို အိန္ဒိယမှာ Flipkart နဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena