[Unicode]

Xiaomi က ၂၀၁၈ ခုနှစ်မှာ ကြော်ငြာတွေကို MIUI မှာ စတင် ထည့်သွင်းခဲ့ပြီး User တွေရဲ့ ဝေဖန်တာ ခံခဲ့ရပါတယ်။ အခုတော့ Realme ကလည်း Xiaomi ရဲ့ လမ်းစဉ်ကို လိုက်တော့မှာပါ။ Realme က ကုမ္ပဏီရဲ့ ဖိုရမ်မှာ ColorOS 6 နဲ့ အထက် ပါတဲ့ ဖုန်းတွေမှာ ကြော်ငြာတွေ ထည့်သွင်းတော့မယ်လို့ ပြောပါတယ်။

ကုမ္ပဏီက Phone Manager နဲ့ App အသစ်တွေ အင်စတောလုပ်တဲ့အခါ Security Check Page မှာ ကြော်ငြာတွေကို ပြသမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Realme က ကြော်ငြာတွေ မကြည့်ချင်သူတွေအတွက် ပိတ်ပင်ထားခွင့်ကို ပြုလုပ်ပေးထားတာက မိုက်ပါတယ်။ Settings > Additional Settings > Get Recommendations ထဲမှာ Disable လုပ်နိုင်ပါတယ်။

နည်းပညာ နယ်ပယ်မှာ ကုမ္ပဏီတွေဟာ အပြောင်းအလဲတွေ ပြုလုပ်လေ့ရှိပါတယ်။ Samsung နဲ့ Google တို့က Headphone Jack တွေ ဖယ်ရှားခဲ့တဲ့ Apple ကို လှောင်ပြောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီ လမ်းစဉ်ကို လိုက်ခဲ့ကြပါတယ်။ Google က အနောက်ကင်မရာ အပို ထည့်သွင်းတာဟာ အဓိပ္ပါယ် မရှိဘူးလို့ ပြောခဲ့ပေမယ့် Pixel 4 မှာ အနောက်ကင်မရာ အပို ၁ လုံး ထည့်သွင်းပေးခဲ့ပါတယ်။ အခု Realme ကလည်း Xiaomi လုပ်ခဲ့သလိုမျိူး ကြော်ငြာတွေကို သူတို့ရဲ့ UI မှာ ထည့်သွင်းပြသတော့မယ်လို့ ဆိုပါတယ်။

Realme ရဲ့ ဖုန်းတွေဟာ ဈေးအရမ်းချိုတဲ့အတွက် အမြတ်ငွေ နည်းနည်းပဲ ရတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက ဝင်ငွေရမယ့် တခြား နည်းလမ်းတွေကို ရှာဖွေကြံဆလာတယ်လို့ ယူဆရပါတယ်။ UI မှာ ကြော်ငြာတွေ ထည့်သွင်းတာလည်း ဒီသဘောပဲ ဖြစ်ပါတယ်။

Ref : gizmochina

[Zawgyi]

Realme က ColorOS မွာ ေၾကာ္ျငာေတြ ျပသမည္

Xiaomi က ၂၀၁၈ ခုႏွစ္မွာ ေၾကာ္ျငာေတြကို MIUI မွာ စတင္ ထည့္သြင္းခဲ့ၿပီး User ေတြရဲ႕ ေ၀ဖန္တာ ခံခဲ့ရပါတယ္။ အခုေတာ့ Realme ကလည္း Xiaomi ရဲ႕ လမ္းစဥ္ကို လိုက္ေတာ့မွာပါ။ Realme က ကုမၸဏီရဲ႕ ဖိုရမ္မွာ ColorOS 6 နဲ႔ အထက္ ပါတဲ့ ဖုန္းေတြမွာ ေၾကာ္ျငာေတြ ထည့္သြင္းေတာ့မယ္လို႔ ေျပာပါတယ္။

ကုမၸဏီက Phone Manager နဲ႔ App အသစ္ေတြ အင္စေတာလုပ္တဲ့အခါ Security Check Page မွာ ေၾကာ္ျငာေတြကို ျပသမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ Realme က ေၾကာ္ျငာေတြ မၾကည့္ခ်င္သူေတြအတြက္ ပိတ္ပင္ထားခြင့္ကို ျပဳလုပ္ေပးထားတာက မိုက္ပါတယ္။ Settings > Additional Settings > Get Recommendations ထဲမွာ Disable လုပ္ႏုိင္ပါတယ္။

နည္းပညာ နယ္ပယ္မွာ ကုမၸဏီေတြဟာ အေျပာင္းအလဲေတြ ျပဳလုပ္ေလ့ရွိပါတယ္။ Samsung နဲ႔ Google တို႔က Headphone Jack ေတြ ဖယ္ရွားခဲ့တဲ့ Apple ကို ေလွာင္ေျပာင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အဲဒီ လမ္းစဥ္ကို လိုက္ခဲ့ၾကပါတယ္။ Google က အေနာက္ကင္မရာ အပို ထည့္သြင္းတာဟာ အဓိပၸါယ္ မရွိဘူးလို႔ ေျပာခဲ့ေပမယ့္ Pixel 4 မွာ အေနာက္ကင္မရာ အပို ၁ လံုး ထည့္သြင္းေပးခဲ့ပါတယ္။ အခု Realme ကလည္း Xiaomi လုပ္ခဲ့သလိုမ်ိဴး ေၾကာ္ျငာေတြကို သူတို႔ရဲ႕ UI မွာ ထည့္သြင္းျပသေတာ့မယ္လို႔ ဆိုပါတယ္။

Realme ရဲ႕ ဖုန္းေတြဟာ ေဈးအရမ္းခ်ိဳတဲ့အတြက္ အျမတ္ေငြ နည္းနည္းပဲ ရတာ ျဖစ္ႏိုင္ပါတယ္။ အဲဒီအတြက္ ကုမၸဏီက ဝင္ေငြရမယ့္ တျခား နည္းလမ္းေတြကို ႐ွာေဖြၾကံဆလာတယ္လို႔ ယူဆရပါတယ္။ UI မွာ ေၾကာ္ျငာေတြ ထည့္သြင္းတာလည္း ဒီသေဘာပဲ ျဖစ္ပါတယ္။

Ref : gizmochina