realme ကနေ Teaser တွေအများအပြား ထုတ်ပြန်အပြီးမှာ နောက်ဆုံးတော့ realme GT Neo 5 SE ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ realme GT Neo 5 SE ဟာ လက်ရှ realme GT Neo 5 ဖုန်းနဲ့ အတော်များများဆင်တူပြီး Chipset ၊​ Camera နဲ့ Battery ပိုင်းမှာပဲ အဓိကကွာခြားမှာဖြစ်ပါတယ်။

Display ပိုင်းမှာ realme GT Neo 5 SE ဖုန်းဟာ 6.74″ AMOLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 2772 x 1240 Pixel Resolution အပြင် 144Hz Refresh Rate ကိုပါ ထောက်ပံ့ထားနိုင်မှာဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘက်မှာ 16MP Selfie Camera အတွက် Punch-hole Design ပြုလုပ်ထားသလို Optical Under-display Fingerprint Sensor လည်းပါဝင်မှာဖြစ်ပါတယ်။

Chipset ပိုင်းမှာတော့ realme GT Neo 5 SE ဖုန်းဟာ Qualcomm ရဲ့ Snapdragon 7+ Gen 1 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 16GB အပြင် 1TB Storage အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Back Camera Setup ကို Triple Camera Setup ထည့်သွင်းပေးထားပြီး 64MP Main Sensor + 8MP Ultrawide + 2MP Microscope Sensor တွေပါဝင်မယ်လို့ သိရပါတယ်။

realme ရဲ့ Flagship Model ဖြစ်တဲ့ realme GT Neo 5 နဲ့ အဓိကကွာခြားချက်ကတော့ Battery ပိုင်းပဲ ဖြစ်ပြီး realme GT Neo 5 SE ဖုန်းမှာ 5500mAh Battery ကိုမှ 100W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Software ပိုင်းကိုတော့ Android 13 ကို အခြေခံထားတဲ့ realme UI 4.0 ကို အသုံးပြုပေးထားပါတယ်။

realme GT Neo 5 SE ဖုန်းဟာ အရောင်အနေနဲ့ Blue နဲ့ Black ဆိုပြီး ၂ မျိုးမိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂,၀၉၉ ယွမ် (မြန်မာငွေ ၉သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အမြင့်ဆုံး RAM 16GB + 1TB Storage Version ကိုတော့ တရုတ်ယွမ်ငွေ ၂.၇၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) နဲ့ ရောင်းချမှာဖြစ်ပါတယ်။

Ref – GSM Arena