realme GT Neo 5 မှာ 240W Fast Charging နဲ့ အနောက်ကင်မရာ ၃ လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သတင်းအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 8+ Gen 1 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် 50MP Sony IMX890 Sensor နဲ့ OIS ပါလာမယ်လို့ သိရပြီး Find N2 , Reno9 Pro+ အသစ် တို့လို OPPO Device တွေနဲ့ တူညီမှာပါ။

Realme GT Neo 5 could come with Snapdragon 8+ Gen 1 and 50 MP camera

အခုထွက်လာတဲ့ ပိုစတာဟာ Fan ၁ ယောက်က ဖန်တီးထားပုံရပေမယ့် သတင်းမျှဝေတဲ့ အရင်းအမြစ်ဟာ ပေါက်ကြားသတင်းတွေ မှန်ကန်တဲ့ မှတ်တမ်းကောင်းရှိပါတယ်။ realme ဟာ GT Neo 5 မှာ စွမ်းရည်မြင့် Chipset ကို အသုံးပြုထားမယ်ဆိုတဲ့ သတင်းဟာလည်း မှန်ကန်နိုင်ပါတယ်။

realme GT Neo 5 con Snapdragon 8+ Gen 1 e Sony IMX890? - Evosmart.it

Neo စမတ်ဖုန်းတွေဟာ အရင်တုန်းက Fast Charging ပါတဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေ ဖြစ်ပြီး အခုနောက်ပိုင်းမှာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်လာတော့မှာပါ။ realme ဟာ Neo စမတ်ဖုန်းတွေကို စွမ်းရည်မြင့် နယ်ပယ်ထဲရောက်အောင် ကြိုးစားနေပုံရပါတယ်။

realme က GT Neo 5 ကို မကြာခင် ကြေညာမလားဆိုတာ မပြောသေးပါဘူး။ ဒါပေမယ့် မကြာခဏ အဲဒီ စမတ်ဖုန်းရဲ့ သတင်းတွေ ပေါက်ကြားနေတဲ့ အတွက် မိတ်ဆက်ပွဲဟာ မဝေးတော့ဘူးလို့ ယူဆရပါတယ်။

Ref : gsmarena