realme ရဲ့ ၂၀၂၂ ခုနှစ်အတွက် Flagship ဖုန်းဖြစ်လာမယ့် realme GT Neo 3 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်လာတော့မှာပါ။ Processor ပိုင်းအနေနဲ့ Dimensity 8100 Chipset အပြင် 150W Fast Charging ပါဝင်ဖို့ ကျိန်းသေနေပြီဖြစ်သလို အခုလည်း Display နဲ့ပတ်သက်ပြီး realme ကနေ Teaser ပုံတွေထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Teaser ပုံတွေအရ realme GT Neo 3 ရဲ့ Display ဟာ 120Hz Refresh Rate ကို ထောက်ပံ့ပေးမယ့်အပြင် Touch Sampling Rate ကလည်း 1000Hz အထိရှိနေမှာဖြစ်ပါတယ်။ ဘေးဘောင်တွေကလည်း အလွန်ပါးလွှာပြီး Screen-to-Body Ratio အနေနဲ့ 94.2% ရှိမယ်လို့ သိရပါတယ်။

အစောပိုင်း TENAA ကနေ သတင်းပေါက်ကြားမှုတွေအရ realme GT Neo 3 ဟာ 6.7″ Full HD+ AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Under Display Fingerprint Sensor ပါ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Display ပိုင်းမှာတော့ realme GT Neo 3 ဖုန်းဟာ တကယ်ကိုအကြမ်းစားဖြစ်လာမှာပါ။

တခြား Feature တွေအနေနဲ့လည်း realme GT Neo 3 ဖုန်းမှာ Vapor Chamber Cooling နည်းပညာ၊ LPDDR5 RAM ၊ UFS 3.1 Storage အပြင် 150W Fast Charging ကလည်း 0-50% ကို ၅ မိနစ်အတွင်း အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Fast Charging Support လုပ်ပေမယ့်လည်း Battery Cycle ၁,၆၀၀ အထိ 80% Capacity ကို ဆက်ထိန်းပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် realme အတွက် ၂၀၂၂ ခုနှစ်ရဲ့ Flagship ဖုန်းဖြစ်လာမယ့် GT Neo 3 ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် မတ်လ ၂၂ ရက်နေ့ Launch Event မှာ တရားဝင်သိရတော့မှာပါါ။

Ref – GSM Arena