“Dare to Leap” ဆောင်ပုဒ်နှင့်အညီ realme အနေဖြင့် နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် နည်းပညာဆန်းသစ်မှုရှိသောထုတ်ကုန်များစွာကိုမိတ်ဆက်ချပြပေးထားသလို နည်းပညာကိုနှစ်သက်မြတ်နိုးကြသည့် လူငယ်သုံးစွဲသူများအတွက် ကောင်းမွန်သည့်ထုတ်ကုန်များကို စဉ်ဆက်မပြတ်ဖန်တီးပေးလျက်ရှိသည်။ လူငယ်သုံးစွဲသူများစတင်ထိတွေ့ခဲ့ကြသည့် ယခင် realme C1, realme C2, realme C3 ထုတ်ကုန်များ၏ ရောင်းအားမှာ လက်ရှိတွင် ၁၃သန်းကျော်အထိရောက်ရှိထားသလို နောက်ထပ်မျိုးဆက်သစ် C Series ထုတ်ကုန်တစ်မျိုးဖြစ်သည့် realme C11 ကိုလည်း မိတ်ဆက်ပေးထားပြီဖြစ်သည့်အတွက် ပိုမိုသည့် C Series သုံးစွဲသူများတိုးမြင့်လာဦးမည်ဖြစ်သည်။

realme အနေဖြင့် C Series ထုတ်ကုန်သစ်များ၏ user experience ကို ပိုမိုတိုးမြှင့်ပေးစွမ်းနိုင်စေရန်အတွက် နောက်ထပ်ထူးခြားသည့် အဆင့်မြှင့်တင်ထားသော C Series ထုတ်ကုန်သစ်များကိုလည်း ယခု ၂ဝ၂ဝ ခုနှစ်အတွင်းမှာပင် မိတ်ဆက်ချပြပေးသွားရန်ပြင်ဆင်ထားသည်။ နည်းပညာခေတ်ရေစီးကြောင်းတွင် ဆက်လက်ဦးဆောင်ကာ လူငယ်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေရန် ပိုမိုဆန်းသစ်သည့်ထုတ်ကုန်ဒီဇိုင်းများကိုလည်း realme Design Studio မှတစ်ဆင့် နိုင်ငံတကာဒီဇိုင်းပညာရှင်များနှင့်လက်တွဲပူးပေါင်းကာ ဖန်တီးပေးလျက်ရှိသည်။ ထို့အပြင် အထူးအလေးပေးလုပ်ဆောင်လျက်ရှိသည့် realme ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့အစည်းများကလည်း ဆန်းသစ်သည့်နည်းပညာများကို ထုတ်ကုန်သစ်များတွင် ထည့်သွင်းပေးနိုင်စေရန်ပါ အချိန်ပြည့်အားထုတ်လျက်ရှိသည်။

လက်ရှိအချိန်အထိ realme စမတ်ဖုန်းအမှတ်တံဆိပ်မှာ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူများတွင် အဆင့်-၇နေရာရပ်တည်ထားသလို အခြားနိုင်ငံတကာဈေးကွက်များတွင်လည်း အဆင့်-၅နှင့် အဆင့်-၄နေရာများကို ရယူထားပြီး Trandsetter Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ တစ်ကမ္ဘာလုံး realme စမတ်ဖုန်းသုံးစွဲသူအရေအတွက်မှာလည်း သန်း ၄ဝ ကျော်အထိရောက်ရှိထားသလို အခြားသောဈေးကွက်များတွင်လည်း realme C11, realme C12 အစရှိသည့် C Series ထုတ်ကုန်များကိုမိတ်ဆက်ရောင်းချပေးလျက်ရှိသလို မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် realme C12 ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးသွားရန်ပြင်ဆင်လျက်ရှိသည်။ ယခု သြဂုတ်လအတွင်း realme Myanmar အနေဖြင့် realme Fan များအတွက် ထူးခြားသည့်အစီအစဉ်ပေါင်းများစွာကို တင်ဆက်ပေးသွားရန်ရှိနေသည်။