အလွန်လျှင်မြန်စွာ တိုးတက်လာတဲ့ စမတ်ဖုန်း Brand ၁ ခု ဖြစ်တဲ့ realme ဟာ realme GT5 Pro မိတ်ဆက်ပွဲမှာ အောင်မြင်မှု မှတ်တိုင်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပါတယ်။ ၅ နှစ်အတွင်း realme ဟာ ကမ္ဘာအဝန်းမှာ စမတ်ဖုန်း သန်း ၂၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

Realme

၃ နှစ်အတွင်းမှာ realme ဟာ သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့ပြီး နောက်ထပ် ၂ နှစ်အတွင်း သန်း ၁၀၀ ကနေ သန်း ၂၀၀ အထိ တိုးတက်လာခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စမတ်ဖုန်း လောကမှာ အခုလို အောင်မြင်တာဟာ ချီးကျူးစရာ ဖြစ်ပါတယ်။

Realme GT 5 Pro Launch

realme ရဲ့ အောင်မြင်မှုဟာ ထုတ်ကုန် နည်းဗျူဟာကို အာရုံစိုက်ထားလို့ ဖြစ်ပြီး ဈေးကွက်တွေကို လျှင်မြန်စွာ တိုးချဲ့နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ စွမ်းရည်မြင့် Series ၂ ခုကို အာရုံစိုက်ထားပါတယ်။ GT Series နဲ့စွမ်းရည်မြင့် ဖုန်းတွေ ထုတ်လုပ်ပါတယ်။ Number Series ကတော့ စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ ပါပြီး ဈေးနှုန်းချိုသာတဲ့ စွမ်းရည်သင့် ဖုန်းတွေ ဖြစ်ပါတယ်။

ဈေးကွက် နည်းဗျူဟာ အပြင် realme ဟာ တရုတ်မှာ လူကြိုက်များတာကြောင့် ရောင်းအား အခုလို ကောင်းနေတာပါ။ realme ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်သူ အဖြစ် နာမည်ရထားပါတယ်။ အရည်အသွေးမြင့် ထုတ်ကုန်တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးထားပါတယ်။

Ref : gizmochina