Realme ရဲ့ Narzo 10 နဲ့ 10A စမတ်ဖုန်းတွေဟာ အိန္ဒိယနိုင်ငံတွင်းမှာ မတ်လ ၂၆ ရက်နေ့ထဲက မိတ်ဆက်ဖို့ ဖြစ်ပေမယ့် COVID ပြန့်ပွားမှုအရေးပေါ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယနေ့မှာ Realme က Narzo 10 စီးရီးကို မေလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ပြန်လည်ကြေညာလာခဲ့ပါတယ်။

Narzo 10 စီးရီးကို ကြိုတင်ရိုက်ကူးထားတဲ့ Launch Video နဲ့မိတ်ဆက်လာမှာဖြစ်တာကြောင့် Live Stream မိတ်ဆက်ပွဲအစစ်ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ Realme ရဲ့ကြေညာချက်ဟာ အိန္ဒိယအစိုးရက Lockdown ဖြေလျှော့ခြင်းကြေညာပြီး သိပ်မကြာခင်ပဲ ထွက်လာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ အင်တာနက်အခြေပြု ကုမ္ပဏီတွေအနေနဲ့ စားသုံးကုန်မဟုတ်တဲ့ ပစ္စည်းတွေကိုလည်း လိမ္မော်ရောင်နဲ့ အစိမ်းရောင်အဆင့် ဒေသတွေမှာ ပြန်လည်ရောင်းချခွင့်ရရှိလာတာကြောင့် Realme ဟာ သူ့ရဲ့ ထုတ်ကုန်တွေကို Online/Offline ပြန်လည်တင်ပို့ရောင်းချနိုင်ပြီဖြစ်ပါတယ်။

Narzo 10 ဖုန်းနှစ်လုံးမှာ ရိုးရိုး Narzo 10 ဟာ Realme 6i ကိုအခြေခံထားပြီး 10A ကတော့ Triple-cam ပါတဲ့ Realme C3 ကို အခြေခံထားတယ်လို့ ဆိုပါတယ်။

Ref – GSM Arena