realme က တန်ဖိုးနည်း  တက်ဘလက် အသစ် ၁ လုံးကို အိန္ဒိယမှာ ကြေညာမယ့်နေ့ကို ပြောကြားလိုက်ပါတယ်။ realme Pad 2 Lite လို့ အမည်ပေးထားပြီး ဒီဇိုင်းကိုလည်း သိလာရပါပြီ။ အဲဒီ တက်ဘလက်ကို အိန္ဒိယမှာ ၁၃ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ Teaser မှာ တက်ဘလက်ရဲ့ အဓိက Specs နဲ့ Features တွေကို ဖော်ပြထားပါတယ်။

realme Pad 2 Lite launching in India on September 13

တက်ဘလက်မှာ ရှည်လျားတဲ့ Display တပ်ဆင်ထားမှာ ဖြစ်ပြီး 90Hz Refresh Rate နဲ့ 2K Resolution (1920×1200 pixels) ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Panel ဟာ 450 Nits Peak Brightness ရစေတဲ့ Eye Comfort Display ဖြစ်ပါတယ်။ ကြီးမားတဲ့ 8,300mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Best realme smartphones and offers - realme (India)

MediaTek Helio G99 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM ( Virtual RAM Expansion နဲ့ ဆိုရင် 16GB အထိရ) ပါလာမှာပါ။ Android 14 OS အခြေပြု realme UI 5.0 Custom Skin ထည့်သွင်းထားမှာပါ။

realme Pad 2 Lite ရဲ့ ဒီဇိုင်းနဲ့ Specs ဟာ realme Pad 2 နဲ့ တော်တော် တူပေမယ့် Specs တချို့ကို လျှော့ချထားပါတယ်။ တက်ဘလက် အသစ်မှာ 15W Wired Charging ပါလာနိုင်ပါတယ်။ ကင်မရာ အနေနဲ့ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP တပ်ဆင်ထားနိုင်ပါတယ်။ စတီရီယို စပီကာ ၄ လုံး ပါလာနိုင်ပါတယ်။

Ref : gizmochina