realme ဟာ အခုအချိန်မှာ Mid Range နဲ့ Budget ဖုန်းတွေကိုပဲ အာရုံစိုက်ပြီးမိတ်ဆက်နေတာဖြစ်ပေမယ့် လာမယ့်နှစ်မှာတော့ပြောင်းလဲသွားတော့မှာပါ။ ဘာကြောင့်လဲဆိုရင် Qualcomm Snapdragon 888 Chipset ကိုအသုံးပြုလာမယ့် realme Race နာမည်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ realme Race စမတ်ဖုန်းရဲ့ တရားဝင်မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် လာမယ့် ၂၀၂၁ အစောပိုင်းမှာ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ realme China ရဲ့ President ဖြစ်တဲ့ Xu Qi ကတော့ realme Race က တခြားဖုန်းတွေထက်ပိုပြီး လှပတဲ့ Design နဲ့ ပွဲထွက်လာမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

တစ်ခုရှိတာကတော့ အဆိုပါ realme Race ဟာ ကုမ္ပဏီရဲ့ Internal Code ဖြစ်တဲ့အတွက် တရားဝင်မိတ်ဆက်တဲ့အချိန်မှာတော့ သီးသန့်နာမည်တစ်ခုရရှိလာမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ OPPO ကနေ Reno Ace Series ဖုန်းတွေကို realme ဆီ လက်လွှဲပေးထားတဲ့အတွက် realme Race ဖုန်းဟာလည်း Reno Ace Series ဖုန်းတွေကို နာမည်ပြောင်းလဲလာမယ့် ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

realme Race ဖုန်းကို မိတ်ဆက်မယ့်အချိန်ကိုတော့ လက်ရှိအချိန်အထိ အတိအကျမသိရှိရသေးပေမယ့် လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မတိုင်ခင် မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Render ဓါတ်ပုံတစ်ခုထွက်ပေါ်လာဖူးပြီး Circular Camera Design အပြင် Curved Design ကိုအသုံးပြုထားတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် realme ရဲ့ Flagship Race စမတ်ဖုန်းကတော့ ၂၀၂၁ ခုနှစ်အတွက် စိတ်ဝင်စားစရာဖြစ်လာမှာပါ။

Ref – Giz China