realme C11 ရဲ့ ပထမအသုတ်ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအား အရမ်းလန်းနေပါတယ်။ ၂ မိနစ်အတွင်းမှာ အလုံးရေ ၁ သိန်းခွဲကျော် ရောင်းချနိုင်ခဲ့ပြီး realme Online Store နဲ့ Flipkart ကနေ ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအသုတ်မှာ မရခဲ့တဲ့ သူတွေအတွက် နောက် ၁ သုတ်ကို ဒီလ  ၂၉ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

realme C11 မှာ Helio G35 SoC မောင်းနှင်ထားပြီး Android  10 အခြေပြု realme UI ပါပါတယ်။ ၆.၅ လက်မ HD+ LCD မျက်နှာပြင် ထည့်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီက မိုက်ပါတယ်။ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Reverse Charging Support ထည့်ထားပါတယ်။

ဈေးအရမ်းချိုတဲ့ စမတ်ဖုန်း ဖြစ်ပြီး 2/32GB ၁ မျိုးထဲ ထုတ်လုပ်ထားကာ ၇,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ Rich Green နဲ့ Rich Grey ၂ ရောင်ထုတ်လုပ်ထားပါတယ်။

Ref : gsmarena