Realme က သူ့ရဲ့ စမတ်ဖုန်းတွေမှာ ဘက်ထရီ ပမာဏကြီးကြီးမားမားတွေ တပ်ဆင်ဖို့ အလေးပေးဆောင်ရွက်နေပြီး အနာဂတ်အတွက် ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။

Realme to Launch 7,500 mAh and 10,000 Battery Phones

မကြာသေးခင်ကမှ Realme က GT 7 နဲ့ GT 7T စမတ်ဖုန်းတွေကို 7,000 mAh ဘက်ထရီ၊ 120W အားသွင်းစနစ်တွေနဲ့အတူ ပဲရစ်မြို့မှာ တစ်ကမ္ဘာလုံးအတွက် မိတ်ဆက်ခဲ့ပါတယ်။ Oppo နဲ့ vivo တို့က ကင်မရာပိုင်းဆိုင်ရာ တိုးတက်မှုတွေအတွက် လူသိများသလိုပဲ Realme ကလည်း ဘက်ထရီ ဆန်းသစ်တီထွင်မှုတွေနဲ့ အသိအမှတ်ပြုခံရဖို့ ရည်ရွယ်နေပါတယ်။

ဒီအတွက် ကုမ္ပဏီက ၂၀၂၅ ခုနှစ် မကုန်ခင် 7,500 mAh ဘက်ထရီပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အမည်အတိအကျ မထုတ်ပြန်သေးပေမဲ့ အဲဒီ 7,500 mAh ဘက်ထရီဖုန်းက ဒီနှစ် (၂၀၂၅) အတွင်း ထွက်ရှိဖို့ အတည်ပြုထားတဲ့ GT 8 Pro ဖြစ်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါက မနှစ်က ထွက်ရှိခဲ့တဲ့ GT 7 Pro (6,500 mAh ဘက်ထရီ (အိန္ဒိယမှာ 5,800 mAh)၊ Snapdragon 8 Elite SoC နဲ့ 120W အားသွင်းစနစ်တွေ ပါဝင်ခဲ့တဲ့) ရဲ့ နောက်မျိုးဆက်လည်း ဖြစ်ပါတယ်။

Realme Takes Battery Life to the Next Level: Reveals Plans for a Massive 7,500mAh Smartphone

ဒါ့အပြင် Realme က 10,000 mAh ဘက်ထရီပါဝင်မယ့် စမတ်ဖုန်းတစ်လုံး “မကြာခင်လာမယ်” လို့ ကြေညာခဲ့ပေမဲ့ အချိန်အတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီလအစောပိုင်း (၂၀၂၅ မေလ) က Realme က 10,000 mAh ဘက်ထရီပါ ရှေ့ပြေးပုံစံဖုန်းတစ်လုံးကို ပြသခဲ့ပါသေးတယ်။

အဲဒီဖုန်းက 8.5mm ပဲထူပြီး အလေးချိန် 215g ရှိကာ၊ 10% ဆီလီကွန် အန်နုတ် ပါဝင်တဲ့ ဘက်ထရီ (စွမ်းအင်သိပ်သည်းဆ 887 Wh/L) ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဘက်ထရီအတွက် နေရာပိုရအောင်လို့ အရမ်းသေးငယ်တဲ့ (23.4mm ပဲမြင့်တဲ့) motherboard ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေက Realme ရဲ့ လာမယ့်စမတ်ဖုန်းတွေမှာ ဘက်ထရီပမာဏကို သိသိသာသာ တိုးမြှင့်သွားမယ့် အားထုတ်မှုကို ဖော်ပြနေပါတယ်။

Ref: gsmarena