realme ဟာ Android 12 အခြေခံ realme UI 3.0 ကို မေလမှာ realme 9i အသုံးပြုသူတွေဆီ ပို့ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ကတိအတိုင်းပဲ Snapdragon 680 သုံး စမတ်ဖုန်းတွေအတွက် realme UI 3.0 early access program ကို ကြေညာခဲ့ပါတယ်။

ဒါကြောင့် realme 9i အသုံးပြုသူတွေဟာ Settings > Software Update menu, ကိုသွားပြီး Trial version > Apply Now ကို နှိပ်ပြီး အသေးစိတ်အချက်အလက်တွေပေးပို့ခြင်းနဲ့အတူ Early access program မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ အကယ်၍ လျှောက်ထားမှုကိုလက်ခံတယ်ဆိုရင်တော့ Update သစ်တစ်ခု ရရှိမှာလည်း ဖြစ်ပါတယ်။

ဒီ Early access program ကို ရယူနိုင်တာဟာ Slots 1,000 ပဲရှိတာကြောင့် နောက်ကျသွားရင်တော့ ရရှိတော့မှာ မဟုတ်ပါဘူး။ တစ်ခုသတိထားရမှာက ဒါဟာ Early access program ဖြစ်တာကြောင့် Bugs တွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပြဿနာတွေနဲ့ အသုံးပြုရတဲ့အတွေ့အကြုံကြောင့် Early access ကို အသုံးမပြုသေးဘဲ ရှောင်ရှားတာက ပိုပြီးကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ အကြံပြုပါရစေ။

Early access ကို အသုံးပြုခွင့်ရလိုရင်တော့ realme 9i ဟာ အနည်းဆုံး ဘက်ထရီ ၆၀% နဲ့ Update မထည့်သွင်းခင်မှာ နေရာလွတ် 10GB အထိ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စမတ်ဖုန်းဟာ Build number RMX3491_11.A.13 or RMX3491_11.A.14 နဲ့ Realme UI stable version of ကို စတင်ပြီး Run တော့မှာ ဖြစ်ပါတယ်။

အလားတူပဲ realme 8i ကလည်း realme UI 3.0 open beta program ရရှိမှာ ဖြစ်ပါတယ်။ Open beta ကို ရယူဖို့ လုပ်ဆောင်ချက်က အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နေရာလွတ်က 10GB အစား 5GB ရှိတာနဲ့ Update လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ realme 8i အတွက် Open beta build မှာလည်း Bugs တွေ ပါဝင်နိုင်တာကြောင့် အသုံးမပြုသေးဘဲ စောင့်ဆိုင်းသင့်တယ်လို့ အကြုံပြုချင်ပါတယ်။

Ref: GSM Arena