realme ဟာ မေလမှာ ပထမဆုံး Smart TV ကို ကြေညာခဲ့ပြီး အခုတော့ ပထမဆုံး 4K SLED TV ကို 100W Sound Bar နဲ့အတူ အိန္ဒိယမှာ မိတ်ဆက်လိုက်ပါပြီ။ TV မှာ ၅၅ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး SLED နည်းပညာ သုံးထားပါတယ်။ ကမ္ဘာ့ ပထမဆုံး 4K SLED TV အဖြစ် မှတ်တမ်းဝင်သွားပြီး ဘောင်ပျောက် ဒီဇိုင်းက တော်တော်မိုက်ပါတယ်။ Screen-to-body Ratio က ၉၄.၆ ရာခိုင်နှုန်း ရှိပြီး 108% NTSC Wide Color Gamut ထောက်ပံ့ထားပါတယ်။ TUV Rheinland ရဲ့ Low Blue Light လက်မှတ်ရထားပါတယ်။

ရုပ်ရှင်ရုံမှာ ကြည့်သလို ခံစားရစေတဲ့ Chroma Boost ပါလာပြီး HDR10+ ထောက်ပံ့ထားပါတယ်။ Dolby Audio ပါတဲ့ 24W Quad Stereo Speakers တွေ ထည့်ထားပြီး Tweeters ၂ လုံး တပ်ဆင်ထားပါတယ်။ ဒီထက်ပိုပြီး အလန်းစား အသံတွေကို နားဆင်ချင်ရင် realme Sound Bar ၁ ခုကိုလည်း ကြေညာထားပါတယ်။ 15W Full-range Speaker ၂ လုံးနဲ့ 15W Tweeters ၂ လုံး တပ်ဆင်ထားပြီး Wired / Wireless ဆက်သွယ်မှု ပါပါတယ်။ 40W Sub-woofer ထည့်သွင်းထားပါတယ်။

SLED TV မှာ MediaTek Chipset , Android TV OS, 1.5GB RAM နဲ့ 16GB Storage တွေ ပါလာပြီး Google Assistant နဲ့ Chromecast ထောက်ပံ့ထားပါတယ်။ စုစုပေါင်း  Port ၉ ခုတောင် ထည့်သွင်းထားပြီး Bluetooth 5.0 နဲ့ Dual-band WiFi တွေ ပါလာပါတယ်။ Remote Control ကတော့ အရင်ထွက်ထားတဲ့ ၃၂ လက်မနဲ့ ၄၃ လက်မတွေနဲ့ တူတူပါပဲ။

TV ကို ၄၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၇ သိန်းခွဲလောက် ကျသင့်မှာပါ။ Sound Bar ရဲ့ ဈေးကတော့ ၆,၉၉၉ ရူပီး ဖြစ်ပြီး ၁ သိန်း ၂ သောင်းလောက်ပဲရှိပါတယ်။ ၂ ခုစလုံးကို ဒီလ ၁၆ ရက်နေ့ရောင်းမှာပါ။

Ref : gsmarena