realme ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလထဲက realme X2 စမတ်ဖုန်းအတွက် Android 10 ကို အခြေခံထားတဲ့ realme UI အသစ်ကို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ realme X2 နဲ့ X2 Pro ဖုန်း ၂ မျိုးစလုံးအတွက် Android 10-based realme UI Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

ယခု Update ဟာ Stable Version ဖြစ်တဲ့အတွက် realme X2 နဲ့ X2 Pro အသုံးပြုနေတဲ့သူတွေအနေနဲ့ Settings ထဲက System Update ကနေ Download ပြုလုပ်ပြီး ရယူနိုင်ပါပြီ။ တစ်ခုရှိတာကတော့ အခု realme UI ကို Update ရယူဖို့အတွက် အသုံးပြုနေတဲ့ Software Version ကလည်း နောက်ဆုံး Version ဖြစ်နေဖို့လိုအပ်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme X2 နဲ့ X2 Pro ရဲ့ realme UI အသစ်မှာ Navigation Gesture အသစ်တွေ၊ Camera App အသစ်နဲ့ ကျန်တဲ့ Feature တွေကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

realme ဟာ အခုအတိုင်းဆိုရင်နောက်လမှာ realme 2 Pro ၊ realme 3 ၊ 3i နဲ့ မေလမှာ realme 5 Series နဲ့ နောက်ပိုင်း realme C2 ဖုန်းတွေကိုပါ Android 10 အခြေခံထားတဲ့ realme UI ကို Update လုပ်ပေးသွားမှာဖြစ်ပါတယ်။

Ref – GSM Arena