[Unicode]

Realme X2 ကို အရင်ဆုံး တရုတ်နဲ့ အဲဒီနောက်မှာ ဥရောပမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ချပြလိုက်ပါပြီ။ အိန္ဒိယမှာ မိတ်ဆက်တဲ့အချိန်ဟာ နောက်ကျတဲ့ အတွက် အရောင်အသစ်တစ်ခုနဲ့ Fans တွေ စိတ်ချမ်းသာအောင် ပြုလုပ်ပေးလိုက်ပါတယ်။

Realme X2 မှာ ဂိမ်းအသားပေး Snapdragon 730G Chipset မောင်းနှင်ထားတဲ့အတွက် ဂိမ်းကစားရင် အရမ်းလန်းမှာပါ။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ်။ အရှေ့ဘက်မှာ 32MP Camera ကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး ၆.၄ လက်မ (2340 × 1080 pixels) Full HD+ AMOLED Display ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ့ 2MP Macro Camera တွေ ဖြစ်ပါတယ်။ Flipkart နဲ့ Realme ရဲ့ ကိုယ်ပိုင် အွန်လိုင်း စတိုးကနေ ဒီလ ၂၀ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ Pearl White, Pearl Blue အပြင် Pearl Green အရောင် အသစ် ထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

Display ကို ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Android 9.0 Pie အခြေပြု ColorOS 6.0 မောင်းနှင်ထားပြီး Android 10 ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ 4/64GB ကို ၁၆,၉၉၉ ရူပီး၊ 6/128GB ကို ၁၈,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၆၀,၀၀၀ ၊ ၄၀၀,၀၀၀ နဲ့ ၄၂၀,၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Realme X2 ကို အိႏၵိယမွာ ေၾကညာၿပီ

Realme X2 ကို အရင္ဆံုး တရုတ္နဲ႔ အဲဒီေနာက္မွာ ဥေရာပမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ အိႏၵိယမွာ ခ်ျပလိုက္ပါၿပီ။ အိႏၵိယမွာ မိတ္ဆက္တဲ့အခ်ိန္ဟာ ေနာက္က်တဲ့ အတြက္ အေရာင္အသစ္တစ္ခုနဲ႔ Fans ေတြ စိတ္ခ်မ္းသာေအာင္ ျပဳလုပ္ေပးလိုက္ပါတယ္။

Realme X2 မွာ ဂိမ္းအသားေပး Snapdragon 730G Chipset ေမာင္းႏွင္ထားတဲ့အတြက္ ဂိမ္းကစားရင္ အရမ္းလန္းမွာပါ။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ္။ အေရွ႕ဘက္မွာ 32MP Camera ကို အရြယ္ေသး Notch မွာ တပ္ဆင္ထားၿပီး ၆.၄ လက္မ (2340 × 1080 pixels) Full HD+ AMOLED Display ပါပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ႔ 2MP Macro Camera ေတြ ျဖစ္ပါတယ္။ Flipkart နဲ႔ Realme ရဲ႕ ကိုယ္ပိုင္ အြန္လိုင္း စတိုးကေန ဒီလ ၂၀ ရက္ေန႔မွာ စတင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ Pearl White, Pearl Blue အျပင္ Pearl Green အေရာင္ အသစ္ ထုတ္လုပ္ေပးထားပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။

Display ကို ကို Corning Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ Android 9.0 Pie အေျချပဳ ColorOS 6.0 ေမာင္းနွင္ထားၿပီး Android 10 ကိုလည္း ရရွိမွာ ျဖစ္ပါတယ္။ 4/64GB ကို ၁၆,၉၉၉ ရူပီး၊ 6/128GB ကို ၁၈,၉၉၉ ရူပီးနဲ႔ 8/128GB ကို ၁၉,၉၉၉ ရူပီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ ၃၆၀,၀၀၀ ၊ ၄၀၀,၀၀၀ နဲ႔ ၄၂၀,၀၀၀ ေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။

Ref : gsmarena