[Unicode]
ဒီ ၁ ပတ် အစောပိုင်းက အိန္ဒိယမှာ ကြေညာခဲ့တဲ့ Realme X2 ကို Realme ရဲ့ အွန်လိုင်းစတိုးနဲ့ Flipkart ကနေ ရောင်းပေးလိုက်ပါပြီ။ 4/64GB ကို ၁၆,၉၉၉ ရူပီး၊ 6/64GB ကို ၁၈,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၅၀,၀၀၀ ၊ ၄၀၀,၀၀၀ နဲ့ ၄၂၀,၀၀၀ အသီးသီး ကျသင့်မှာပါ။ Pearl Blue, Pearl White နဲ့ Pearl Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Realme X2 မှာ ဂိမ်းအသားပေး Snapdragon 730G Chipset မောင်းနှင်ထားပြီး Android 9.0 Pie အခြေပြု ColorOS 6.0 ပါပါတယ်။ Android 10 Update ကို ရမယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။ ၆.၄ လက်မ (2340 × 1080 pixels) Full HD+ AMOLED Display ပါပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Display ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့အတွက် အကြမ်းခံပါတယ်။ အရှေ့ဘက်မှာ 32MP Camera ကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ့ 2MP Macro Camera တွေ ဖြစ်ပါတယ်။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပြီး ၃၀ မိနစ်မှာ ၆၇ ရာခိုင်နှုန်းနဲ့ ၄၃ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။
Ref : gsmarena
[Zawgyi]
Realme X2 ကို အိႏၵိယမွာ ေရာင္းၿပီ
ဒီ ၁ ပတ္ အေစာပိုင္းက အိႏၵိယမွာ ေၾကညာခဲ့တဲ့ Realme X2 ကို Realme ရဲ႕ အြန္လိုင္းစတိုးနဲ႔ Flipkart ကေန ေရာင္းေပးလိုက္ပါၿပီ။ 4/64GB ကို ၁၆,၉၉၉ ရူပီး၊ 6/64GB ကို ၁၈,၉၉၉ ရူပီးနဲ႔ 8/128GB ကို ၁၉,၉၉၉ ရူပီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ ၃၅၀,၀၀၀ ၊ ၄၀၀,၀၀၀ နဲ႔ ၄၂၀,၀၀၀ အသီးသီး က်သင့္မွာပါ။ Pearl Blue, Pearl White နဲ႔ Pearl Green အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။
Realme X2 မွာ ဂိမ္းအသားေပး Snapdragon 730G Chipset ေမာင္းႏွင္ထားၿပီး Android 9.0 Pie အေျချပဳ ColorOS 6.0 ပါပါတယ္။ Android 10 Update ကို ရမယ္လို႔ ကုမၸဏီက အာမခံထားပါတယ္။ ၆.၄ လက္မ (2340 × 1080 pixels) Full HD+ AMOLED Display ပါၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Display ကို Corning Gorilla Glass 5 နဲ႔ ကာကြယ္ထားတဲ့အတြက္ အၾကမ္းခံပါတယ္။ အေရွ႕ဘက္မွာ 32MP Camera ကို အရြယ္ေသး Notch မွာ တပ္ဆင္ထားပါတယ္။
အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ႔ 2MP Macro Camera ေတြ ျဖစ္ပါတယ္။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားၿပီး ၃၀ မိနစ္မွာ ၆၇ ရာခိုင္ႏႈန္းနဲ႔ ၄၃ မိနစ္မွာ ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္ပါတယ္။
Ref : gsmarena