[Unicode]

Realme India က ဒီဇင်ဘာလကုန်မှာ Realme X2 Pro 6/64GB မော်ဒယ်ရဲ့ ဈေးကို အတည်ပြုခဲ့ပေမယ့် မရောင်းပေးခဲ့ပါဘူး။ အခုတော့ Flipkart ကနေ ၂၇,၉၉၉ ရူပီးနဲ့ ရောင်းပေးလိုက်ပါပြီ။ မြန်မာငွေ ၅၈၀,၀၀၀ လောက်ရှိနိုင်ပြီး အဲဒီ မော်ဒယ်အတွက် Neptune Blue နဲ့ Lunar White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အဲဒီဖုန်းရဲ့ 8/128GB နဲ့ 12/256GB မော်ဒယ်တွေကိုလည်း ထုတ်လုပ်ရောင်းချထားပါတယ်။

Realme X2 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီ ဖုန်းမှာ 90Hz Refresh Rate ကို ထောက်ပံ့ထားပြီး မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက မြန်ပါတယ်။ ၆.၅ လက်မ S-AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Full HD+ Resolution ကို ထောက်ပံ့ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပြီး Snapdragon 855+ Chipset ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ LPDDR4x RAM နဲ့ UFS 3.0 Storage တွေကြောင့် ဖုန်းဟာ အရမ်းကို လျှင်မြန်သွက်လက်ပါတယ်။

Realme X2 Pro မှာ 16MP အရှေ့ ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 64MP Main , 13MP Telephoto (20x Hybrid Zoom) , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ Android 9 Pie အခြေပြု ColorOS 6 မောင်းနှင်ထားပါတယ်။ 4,000mAh ဘက်ထရီ ပါလာပြီး 50W SuperVOOC Flash Charge နည်းပညာကြောင့် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။

Ref : gizmochina

[Zawgyi]

Realme X2 Pro ရဲ႕ 6/64GB ေမာ္ဒယ္ကို အိႏၵိယမွာ ေရာင္းၿပီ

Realme India က ဒီဇင္ဘာလကုန္မွာ Realme X2 Pro 6/64GB ေမာ္ဒယ္ရဲ႕ ေစ်းကို အတည္ျပဳခဲ့ေပမယ့္ မေရာင္းေပးခဲ့ပါဘူး။ အခုေတာ့ Flipkart ကေန ၂၇,၉၉၉ ရူပီးနဲ႔ ေရာင္းေပးလိုက္ပါၿပီ။ ျမန္မာေငြ ၅၈၀,၀၀၀ ေလာက္ရွိႏိုင္ၿပီး အဲဒီ ေမာ္ဒယ္အတြက္ Neptune Blue နဲ႔ Lunar White အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ အဲဒီဖုန္းရဲ႕ 8/128GB နဲ႔ 12/256GB ေမာ္ဒယ္ေတြကိုလည္း ထုတ္လုပ္ေရာင္းခ်ထားပါတယ္။

Realme X2 Pro ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ အဲဒီ ဖုန္းမွာ 90Hz Refresh Rate ကို ေထာက္ပံ့ထားၿပီး မ်က္ႏွာျပင္ရဲ႕ တုန္႔ျပန္မႈက ျမန္ပါတယ္။ ၆.၅ လက္မ S-AMOLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Full HD+ Resolution ကို ေထာက္ပံ့ပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားၿပီး Snapdragon 855+ Chipset ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္ပါတယ္။ LPDDR4x RAM နဲ႔ UFS 3.0 Storage ေတြေၾကာင့္ ဖုန္းဟာ အရမ္းကို လွ်င္ျမန္သြက္လက္ပါတယ္။

Realme X2 Pro မွာ 16MP အေရွ႕ ကင္မရာ ပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 64MP Main , 13MP Telephoto (20x Hybrid Zoom) , 8MP Ultrawide နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ Android 9 Pie အေျချပဳ ColorOS 6 ေမာင္းႏွင္ထားပါတယ္။ 4,000mAh ဘက္ထရီ ပါလာၿပီး 50W SuperVOOC Flash Charge နည္းပညာေၾကာင့္ အားသြင္းႏႈန္းက ဖလန္းဖလန္းထေနမွာပါ။

Ref : gizmochina