Realme က Snapdragon 865 ပါတဲ့ ဒုတိယမြောက် စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပါတယ်။ အခုတော့ အဲဒီ ဖုန်းကို AnTuTu မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်ဟာ RMX2072 ဖြစ်ပါတယ်။ ရမှတ် ၆၀၀,၀၀၀ ကျော် ရထားပြီး အဲဒီဖုန်းဟာ Realme X3 Pro ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။

Realme X3 (RMX2142) ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က TENAA မှာ တွေ့ခဲ့ရပြီး X3 SuperZoom (RMX2086) ရဲ့ သတင်းလည်း ထွက်နေပါတယ်။ အဲဒီဖုန်းမှာတော့ X2 Pro မှာလို SD855+ Chipset အဟောင်း ထည့်ထားပေမယ့် 30W Charging ပါလာပါတယ်။

Realme X3 Pro အကြောင်း ပြန်ပြောရရင် Memory Score အရ UFS 3.1 Storage ပါလာမှာပါ။ မျက်နှာပြင် အရွယ်အစားကို မသိရသေးပေမယ့် X50 နဲ့ X50 Pro မှာ ၆.၅၇ နဲ့ ၆.၄၄ လက်မ မျက်နှာပြင်တွေ အသီးသီး ထည့်ထားပါတယ်။ TENAA က စာရင်းအရ X3 မှာ ၆.၅၇ လက်မမျက်နှာပြင် ပါလာပါတယ်။

IceUniverse က အဲဒါဟာ Gaming စမတ်ဖုန်း ဖြစ်ပြီး  60Hz ထက် ပိုလန်းတဲ့ Refresh Rate ပါလာနိုင်ပါတယ်။ X2 Pro နဲ့ X50 Pro ရဲ့ 90Hz Refresh Rate နဲ့ X50 ရဲ့ 120Hz Refresh Rate တွေလို ပါလာနိုင်ပါတယ်။ စွမ်းရည်မြင့် Chipset က Gaming အတွက် အရမ်း မိုက်ပါတယ်။ Realme X3 Pro ဟာ Gaming ဖုန်းလားဆိုတာ မသေချာသေးပေမယ့် ဧပြီလကုန်က သတင်းထွက်ခဲ့တဲ့ ဖုန်းနဲ့ ဆက်စပ်နေမှာပါ။

Ref : gsmarena