အခုနှစ်စမှာ မိတ်ဆက်ခဲ့တဲ့ Realme X50 5G ဖုန်းရဲ့ ပိုဈေးချိုတဲ့ဗားရှင်းကို ထုတ်လုပ်နေကြောင်း သတင်းထွက်နေတဲ့ Realme ဟာ နောက်ထပ်စမတ်ဖုန်းသစ်တစ်ခုကိုလည်း မရှေးမနှောင်းမိတ်ဆက်လာဦးမယ့်ပုံရှိပါတယ်။
မော်ဒယ်နံပါတ် RMX2142 နဲ့အဆိုပါဖုန်းဟာ Realme X3 လို့အမည်ပေးလာဖို့ သတင်းထွက်ထားပြီး တရုတ်နိုင်ငံတွင်းက TENAA နဲ့ 3C အတည်ပြုချက်တွေကို ရယူခဲ့ပါတယ်။
Realme RMX2142 သို့မဟုတ် Realme X3 ဟာ 3C အတည်ပြုချက်ရယူခဲ့ရာမှာတော့ 5G ထောက်ပံ့မှုနဲ့ 30W အားသွင်းစနစ်တို့ပါဝင်ကြောင်း ဖော်ပြခံခဲ့ရပါတယ်။ ဒါ့အပြင် TENAA မှာလည်း သူ့ရဲ့ Specs အချို့ကို ထပ်တွေ့ရပါတယ်။
TENAA မှာတော့ Realme RMX2142 စမတ်ဖုန်းရဲ့ ကိုယ်ထည်အချိုးဟာ 163.8 x 75.8 x 8.9mm ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ ဒါ့အပြင် Display ပမာဏက 6.57” ဖြစ်ပြီး အနိမ့်ဆုံး ဘက္ထရီပမာဏ 4,100 mAh ပါဝင်မှာပါ။ ကျန်တဲ့ အချက်အလက်တွေကိုတော့ မမြင်ရသေးပေမယ့် ဒီအတည်ပြုချက်နှစ်ခုကို ရရှိခဲ့တဲ့အတွက် တရုတ်ပြည်တွင်းမှာ သိပ်မကြာခင် မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။
Ref – Gizmo China