[Unicode]

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Realme X50 5G ရဲ့ သတင်းများစွာ ထွက်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး Snapdragon 765G Chipset နဲ့ ၂ ရက်ခံတဲ့ ဘက်ထရီ သက်တမ်းပါလာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

Realme X50 5G မှာ ၆.၆၇ လက်မ LCD ထည့်ထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းတွေ ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Dual Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Samsung GW1 , 8MP Ultrawide , 13MP 5x Hybrid Zoom နဲ့ 2MP Super Macro ကင်မရာတွေ ပါလာမှာပါ။

အခုတော့ Realme X50 Youth မော်ဒယ်ကိုပါ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲသိရပါသေးတယ်။ ဒါပေမယ့် အဲဒီမော်ဒယ်ဟာ အရင်က သတင်းထွက်ခဲ့တဲ့ Realme X50 Lite ဖြစ်နိုင်ပါတယ်။

Realme X50 5G အကြောင်းပြန်ပြောရရင် အဲဒီ ဖုန်းရဲ့ 8GB RAM မော်ဒယ်ကို Geekbench မှာ တွေ့ရပြီး Android 10 မောင်းနှင်ထားပါတယ်။ Snapdragon 730G ပါတဲ့ Realme X2 ထက် ရမှတ်များနေပါတယ်။ အဲဒီ ဖုန်းကို မျက်ဝါးထင်ထင်မြင်ရဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။

Ref : gsmarena

[Zawgyi]

Realme X50 Youth ကို မှတ်ပုံတင်လိုက်ပြီ





Ref : gsmarena