Realme India ရဲ့ Support Page မှာ Realme X50m 5G ကို ဖော်ပြထားတဲ့အတွက် အိန္ဒိယမှာ မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ Realme ဟာ ပြီးခဲ့တဲ့ လက တရုတ်မှာ X50m 5G ကို ကြေညာခဲ့ပြီး Realme X50 5G နဲ့ Realme X50 Pro 5G တို့ပြီးနောက် တတိယမြောက် Realme X50 Series ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ တရုတ် ပြင်ပမှာ မရောင်းသေးပါဘူး။ နာမည်ကျော် Tipster ဖြစ်သူ Ishan Agarwal က Realme X50m ကို Realme India Website မှာ တွေ့ခဲ့တယ်လို့ ပြောပြီး တရုတ် ပြင်ပမှာ အစောဆုံး ရောင်းမယ့် နိုင်ငံထဲမှာ အိန္ဒိယ ပါလာမှာပါ။

အိန္ဒိယရဲ့ Snapdragon 765G SoC ပါတဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ အဲဒီမှာ 5G မရသေးတဲ့အတွက် 4G ပဲ သုံးလို့ရဦးမှာပါ။ တရုတ်မှာ Realme X50m ကို ၁,၉၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၃ သိန်း ၉ သောင်းလောက်ရှိပါတယ်။

Realme X50m မှာ ၆.၅၇ လက်မ Full HD+ မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဆေးတောင့်ပုံ Punch Hole မှာ 16MP နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံး ပါလာပါတယ်။

Realme X50m အတွက် တရုတ်မှာ 128GB Storage နဲ့ 6GB or 8GB RAM တွေ ထုတ်လုပ်ပေးထားပြီး microSD Card Slot မပါပါဘူး။ 30W Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Ref : gizmochina