realme က စက်တင်ဘာလမှာ X7 နဲ့ X7 Pro ကို ကြေညာခဲ့ပေမယ့် တရုတ်မှာပဲ ရောင်းပေးထားပါသေးတယ်။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို realme က မပြောသေးပါဘူး။ အခုတော့ realme X7 Pro ကို ထိုင်းမှာ မှတ်ပုံတင်လိုက်တဲ့အတွက် တရုတ် ပြင်ပမှာ ရောင်းမှာ သေချာသွားပါပြီ။ ထိုင်း နိုင်ငံရဲ့ NBTC မှာ realme X7 Pro 5G ရဲ့ မော်ဒယ် နံပါတ်ဟာ RMX2121 ဖြစ်ပါတယ်။

ထိုင်းရဲ့ NBTC မှာ realme X7 Pro ရဲ့ Specifications တွေကို မဖော်ပြထားသေးပေမယ့် စက်တင်ဘာလက ကြေညာခဲ့တဲ့ မော်ဒယ်နဲ့ လုံးဝ ထပ်တူကျမှာ သေချာပါတယ်။ realme X7 Pro ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ လက်ရှိမှာ MediaTek ရဲ့ ထိပ်တန်း  Dimensity 1000+ Chipset မောင်းနှင်ထားပြီး Snapdragon 865 ကိုတောင် ပုခုံးချင်းယှဉ်နိုင်ပါတယ်။ ၆.၅၅ လက်မ Full HD+ 120Hz Samsung AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။

အပူလျှော့ချပေးတဲ့ စနစ် အားကောင်းအောင် တည်ဆောက်ထားပြီး 65W SuperDart Flash Charge က အားသွင်းနှုန်း အရမ်းမြန်ပါတယ်။ 4,500mAh ဘက်ထရီ ပါလာပြီး အနောက်ကင်မရာတွေက 64MP , 8MP , 2MP နဲ့ 2MP တွေ ဖြစ်ပါတယ်။ 32MP Punch Hole ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ Dark Blue နဲ့ Pearl White ၂ ရောင် ထုတ်လုပ်ထားပြီး Dare to Leap စာသားပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၂,၁၉၉ ယွမ်၊ 8/128GB ကို ၂,၃၉၉ ယွမ်နဲ့ 8/256GB ကို ၃,၁၉၉ ယွမ် သတ်မှတ်ထားပြီး ၄ သိန်း ၂ သောင်း၊ ၄ သိန်း ၆ သောင်းနဲ့ ၆ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena